Chapter 4: She Was A Super Scumbag

12.7K 1.6K 64
                                    

UNICODE

သူ မနာလိုဖြစ်လို့ပေါ့ ဒါပေမယ့် တန်ရှင်းယွမ်ကတော့ ထုတ်မပြောရဲဘူး။
သူ့ရဲ့တွန့်ဆုတ်နေမှုကြောင့် ယဲ့ချင်းရန်ရဲ့ အေးစက်စက်အကြည့်ကို မြင်လိုက်တော့ သူ့ပါးစပ်ကနေ လွှတ်ကနဲထွက်သွားသည်။ "ဘာလို့လဲဆိုတော့ ငါတို့ မင်းကို သဘောမကျလို့" တုန်ရီစွာနဲ့ပဲ သူမတ်တပ်ရပ်လိုက်သည်။ ဒါပေမယ့် သူထပ်ပြီး အရိုက်ခံရမှာ ကြောက်နေတုန်းပဲ။

ယဲ့ချင်းရန်က တည်ငြိမ်စွာနဲ့ပဲပြောလိုက်သည်။ "ရပြီ"

တန်ရှင်းယွမ်လည်း အသာလေးသက်ပြင်းချပြီး လှည့်ပြေးဖို့လုပ်သည်။ ဒါပေမယ့် သူလှုပ်ရှားလိုက်တာနဲ့ ယဲ့ချင်းရန်ရဲ့ တားဆီးခြင်းကို ခံလိုက်ရသည်။

အံကြိတ်ရင်း နာကျင်နေတဲ့အမူအရာနဲ့မေးလိုက်သည်။ "ဘာလိုချင်သေးလို့လဲ"

"နောက်တစ်ကြိမ် ငါ့ကိုတွေ့ရင် ရှောင်သွားဖို့ သတိရ"

"အေးပါ အေးပါ အေးပါ" တန်ရှင်းယွမ်လည်း မကောင်းဆိုးဝါးလက်ကနေလွတ်မြောက်သွားသလို ခံစားလိုက်ရပြီး တစ်ချိုးထဲပြေးတော့သည်။ မြတ်စွာဘုရား ဒီကောင်က တော်တော်ကြောက်ဖို့ကောင်းတာပဲ။ ငါလေးလည်း နင်နဲ့ထပ်ပြီးတော့ မကစားချင်တော့ပါဘူးနော်။

နေ့လည်ခင်းရဲ့ နေရောင်ဟာ ကမ္ဘာမြေကြီးပေါ်ကို နူးညံ့စွာ ဖြာကျနေသည်။ နေရောင်အောက်မှာ ရပ်နေတဲ့ ယဲ့ချင်းရန်ကို ချူရုန်ရုန်ကြည့်လိုက်မိသည်။ သူဟာ ဒီလမ်းပေါ်က အလှဆုံးသော ရှုခင်းတစ်ခုလို့ သူမခံစားလိုက်ရသည်။ သူမမျက်လုံးတွေ လောင်ကျွမ်းမတတ်ပဲ။ သူမမေးစေ့ကို လက်တွေနဲ့ ကိုင်ပြီး အော်ဟစ်နေတော့သည်။ "အစ်ကိုရန် အရမ်းကို ကြည့်ကောင်းတာပဲ"

ပုံမှန်အားဖြင့်ပြောရမယ်ဆိုရင် သူမက ယဲ့ချင်းရန်ကို သူ့ရုပ်ရည်ကြောင့် သဘောကျရုံမျှပဲ။ အခုတော့ ယဲ့ချင်းရန်ရဲ့ တစ်ကိုယ်လုံး ခြေချောင်းလေးတွေတောင်မှ အရမ်းဆွဲဆောင်မှု ရှိတယ်လို့ ခံစားနေရတယ်။ သူမအကြည့်တွေက ယဲ့ချင်းရန်ကို အကောင်လိုက်စားချင်နေသလိုပဲ
(T/N: ဒီနားဘာသာပြန်ရင်း ရယ်မိတာ အရမ်းပဲ။ ရန်ရန်လေးသာ မိန်းကလေးဆိုတာ သိသွားချိန်ကျရင် ရုန်ရုန်တစ်ယောက် ဘယ်လိုဖြစ်သွားမလဲ အရမ်းသိချင်တာပဲ)

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationUnde poveștirile trăiesc. Descoperă acum