Chapter 50: She Was Not His Type

9.5K 1.3K 63
                                    

UNICODE

ဟဲစီကျိုးက ကော်ဖီစားပွဲပေါ် မုန့်ထုပ်တင်လိုက်ပြီး ယဲ့ချင်းရန်ကို ပျင်းရိစွာလှမ်းကြည့်လိုက်သည်။

"ညင်သာပြီးကြင်နာတတ်တယ်ဆိုတာတော့ မဟုတ်ဘူးလေကွာ"

ယဲ့ချင်းရန်က "အစ်ကို့ကို သွားအပြစ်တင်လို့မရဘူး... အဲ့ လုံနောက်လိုက်က ကျွန်တော့်အပေါ် အရင်အကြွေးတင်တာလေ...ပြီးတော့ အစ်ကိုက လက်ဆောင်ဘယ်လိုပြန်ပေးရလဲဆိုတာပါ သင်ပေးသေးတာကို"

ဟဲစီကျိုး.....

ဟူး....နောက်ထပ် ငတုံးကလေးတစ်ယောက်ကတော့ ချူယန်ရဲ့ မျက်နှာကြောင့် ပြုစားခံလိုက်ရပြန်ပြီ

ယဲ့ချင်းရန်က ဗိုက်တော်တော်ဆာနေပြီဖြစ်သည်။ မီးဖိုချောင်ထဲသို့သွားပြီး ပန်းကန်ထဲတောင်ထည့်ပြီး မစားနိုင်လောက်အောင်ဖြစ်နေသည်။ မုန့်ဘူးကို ဖွင့်ကာ အသင့်ပါလာသည့် ခက်ရင်းဖြင့် စစားတော့သည်။

ဟဲစီကျိူး : "..."
မုန့်ကို အငမ်းမရစားနေတဲ့ပုံကိုကြည့်ပါဦး ဒီကလေး တကယ်ကို ဗိုက်ဆာနေတာဖြစ်လောက်သည်။ အခုလေးတင် ကြီးမားသည့် မကျေနပ်ချက်ကို ခံစားထားရသည်။ အဲ့အချိန်ခဏလေးမှာ ဒီကလေး ဆိုးဆိုးဝါးဝါးခံစားမှုကြီးကို ခံစားထားရလိမ့်မည်။ ပထမတော့ တစ်ခုခုပြောချင်ပေမယ့် တွေးပြီးနောက်မှာတော့ မပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်။ အချိန်ခဏကြာပြီးသွားရင်တော့ လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကနေ အတွင်းစိတ်ကို မြင်ဖို့ မလွယ်ဘူးဆိုတာ ဒီကလေးသိလာလိမ့်မည်။

ချူယန်ဆိုတာ သိုးရေခြုံထားသည့် ဝံပုလွေတစ်ကောင်ပင်...

ယဲ့ချင်းရန်က မျက်လုံးပင့်တင်ကာ သူ့ကိုကြည့်လာရင်း သူမသွားဖွေးဖွေးလေးတွေကို လှစ်ပြလိုက်သည်။ "အစ်ကိုဟဲ ကျွန်တော်တစ်ခုလောက် တောင်းဆိုလို့ရမလား"

ဟဲစီကျိုးက ပြုံးရင်းပြောလိုက်သည်။

"ပြောကြည့်လေ"

ဒီကလေးက အရမ်းကို ယဉ်ကျေးသည်။ ဒါပေမယ့် သူ့တွင် အကြိုက်ဆိုး တစ်ခုရှိနေသည်။
ချူယန်ကို ကြည့်လိုက်တိုင်း မျက်စိကန်းနေသလိုမျိုး သူ့မျက်နှာတွင် အပျော်တွေဖြင့် ပြည့်နေသည်။ ပြောရရင် သူက ငယ်ပြီး ဖြူစင်တဲ့အချိန်မို့လို့ ချူယန်ရဲ့ ပြုစားမှုကို အလုံးစုံခံလိုက်ရတာဖြစ်သည်။ တစ်နေ့ကျရင်တော့ ဆိုးသွမ်းမှု ရက်စက်မှုတွေနှင့် ပြည့်နေသည့် ချူယန်ဖြင့်ယှဉ်လျှင် ဒီအစ်ကိုကြီးက ရိုးသားပြီး အန္တရာယ်မရှိတဲ့သူဆိုတာ သိလာလိမ့်မည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now