Chapter 140: She Was Getting Provoked!

7.4K 1.1K 26
                                    

UNICODE

"ငါ့ကို သဘောကျတယ်?" ယဲ့ချင်းရန်ရဲ့ နှုတ်ခမ်းထောင့်တွင် နွေးထွေးမှု တစ်စုံတစ်ရာမရှိတဲ့ သရော်သည့်အရိပ်အယောင် ပေါ်လာသည်။ "မင်းသဘောကျတာက မင်းသဘောကျတဲ့သူကို ဆေးခတ်တာပေါ့လေ။ ဒါဆို မင်းကြိုက်တဲ့သူကို ဘယ်သူမှ မယူရဲတော့ဘူလို့ တွေးလိုက်မယ်"

နန်းယန်ရှန်းက ယဲ့ချင်းရန်ရဲ့ မျက်လုံးကို ကြည့်ချိန်မှာ ကျောရိုးတစ်လျှောက် အေးစက်မှု ဖြတ်ပြေးသွားတာကို ခံစားလိုက်ရသည်။

သူမက လက်သီးဆုပ်ပြီး ပြောလိုက်သည်။ "ငါဒီလိုလုပ်ရင် နင်ငါ့ကို အထင်သေးမယ်ဆိုတာ ငါသိတယ် ဒါပေမယ့် ကိစ္စမရှိဘူး။ ငါ နင်နဲ့သာ အတူရှိနေနိုင်သရွေ့ ငါ့ရဲ့ စစ်မှန်တဲ့ နှလုံးသားကို နင်သိလာမယ်"

ထိုအနံ့ရဲ့ သက်ရောက်မှုက လျင်မြန်စွာ ပျံ့နှံ့လာသည်။

သူမတစ်ကိုယ်လုံးပူလောင်နေကာ မသက်မသာဖြစ်နေသည်။

သူမဖြစ်သလို ယဲ့ချင်းရန်က ဘာမှ မဖြစ်တာလဲ? သူက ကာမဂုဏ်မှာမွေ့လျော်နေတဲ့ ဘာမှမကောင်းတဲ့သူ မဟုတ်ဘူးလား? သူ့ရဲ့ ခုခံနိုင်စွမ်းက နိမ့်ရမှာလေ။

"နင် မသက်မသာမဖြစ်ဘူးလား?" နန်းယန်ရှန်းက ယဲ့ချင်းရန်က နူးညံ့သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမရဲ့ မျက်နှာက နီရဲနေကာ သူမစကားပြောချိန်တွင် အနည်းငယ်မောနေသည်။

"ငါ မသက်မသာဖြစ်ရင်တောင် မင်းကို ငါစိတ်မဝင်စားဘူး။ မင်းကို ရွံရုံလေးပဲ" ယဲ့ချင်းရန်က သူမကို အေးစက်စွာကြည့်နေသည်။

သူမက မိန်းကလေးဖြစ်ပြီး အတန်းဖော်ဖြစ်တဲ့အပြင် သူမကို သဘောကျနေတာမို့လို့ သူမ အနည်းငယ် ညင်သာသင့်တယ်လို့ တွေးခဲ့သည်။ ဒါပေမယ့် သူမ မှားသွားသည်။ လုံးဝကို မှားသွားသည်။

သူမက ယောကျာ်းလေးမဟုတ်တော့ မိန်းကလေးတွေအပေါ် ကြင်နာတဲ့ နှလုံးသား မရှိသင့်ဘူး။ သူမ ကြင်နာချင်ရင်တောင် လူကိုတော့ ကြည့်ရဦးမည်။ မိန်းမတိုင်းက ဒီလိုကြင်နာမှုနှင့် ထိုက်တန်သည် မဟုတ်ပေ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now