Chapter 84: She Was Shocked Too

8.3K 1.4K 171
                                    

UNICODE

မုရုန်ယီချန်းရဲ့အကြည့်က သူမဆီရောက်လာတာကို ယဲ့ချင်းရန် မြင်လိုက်တော့ ဆွံ့အသွားသည်။

ဒီကမ္ဘာကြီးထဲရောက်တာ ကြာနေပြီဆိုတော့ သူမ နောက်ဆုံးမှာ နားလည်သွားပြီဖြစ်သည်။ ဘယ်လိုပဲ သူမ လုပ်ပါစေ ဘယ်လိုပဲ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မရဲ့ အသက်တွေကို လိုချင်နေပါစေ ဒီဥပဒေဿထဲက မလွတ်မြောက်နိုင်ဘူးဖြစ်သည်။

ဒီလူတွေကို အတူတူရှိနေဖို့ မမြင်နိုင်သည့် ကြိုးက တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသည့်ပုံဖြစ်သည်။ ဒီကြိုးကလည်း ဇာတ်လမ်းရဲ့ ကြိုးဖြစ်နိုင်သည်။

အမျိုးသားဇာတ်လိုက်တွေက ခြယ်လှယ်တတ်သည့် CEO တွေဖြစ်ပြီး အင်အားကြီးကြသည်။ သူတို့က တစ်ယောက်ယောက်နဲ့ပတ်သက်ပြီး မပျော်ရွှင်လာရရင် သူတို့က သတ်ပစ်လိုက်သည်။

သူမလို သနားစရာ အရန်ဇာတ်ကောင်မင်းသမီးလေးက ဘာမှ မလုပ်ထားလည်း အကြောင်းရင်းမရှိဘဲ ပစ်မှတ်အဖြစ်ခံရပြန်ပြီ။ အရမ်း ဝမ်းနည်းဖို့ကောင်းတာပဲ...

ယဲ့ချင်းရန်က သူတို့ကို မမြင်သလို နေလိုက်ပြီး အိမ်ထဲသို့ ဝင်ဖို့ ကြံလိုက်သည်။ အဲ့အချိန်မှာပဲ ဗီလာလမ်းရဲ့အလယ်တွင် ကားအမည်းတစ်စီးရပ်လာသည်။ ကြမ်းတမ်းခက်ထန်သည့် အမျိုးသားတစ်ယောက် ကားပေါ်ကဆင်းလာသည်။

ထိုလူက ဝိုင်နီရောင် ရှပ်ဝတ်ထားပြီး နက်ကတိုင်က လျော့ရဲနေကာ သူ့ရင်ဘတ်ရှိ ညှပ်ရိုးကို ဖော်ပြနေတာက မောက်မာပြီး တဇွတ်ထိုးနိုင်ဟန်ရှိနေသည်။

ယဲ့ချင်းရန်က ကားသံကြားတော့ သတိမထားမိလိုက်ဘဲ လှည့်ကြည့်လိုက်သည်။ လျန်ရှောင်းကို မြင်ရမယ်လို့ သူမ မထင်ထားပေ။ စိတ်ထဲကနေတွေးမိတာက သူကရော မုချင်းရွဲနဲ့ တူတူရှိနေပြီလားဆိုပြီး ဖြစ်သည်။

လျန်ရှောင်းကို မြင်လိုက်ရလို့ အအံ့ဩဆုံးသောသူက မုရုန်ယီချန်းဖြစ်သည်။ သူက ချက်ချင်း လျန်ရှောင်းဆီ လျှောက်သွားသည်။

သူ့ကို ကြည့်နေသည့် ယဲ့ချင်းရန် "..."

ကြည့်ရတာ ဇာတ်လိုက်သုံးယောက်လုံး တူတူဆုံကြပြီဖြစ်မည်ထင်သည်။ လုံကျွင်းယောင်၊ မုရုန်ယီချန်းနဲ့ လျန်ရှောင်း ထိုဇာတ်လိုက် သုံးယောက်က မုချင်းရွဲနဲ့ ပထမဆုံး 1Vs3 ဖြစ်ကြသည့်သူတွေဖြစ်သည်။ ထို့ကြောင့် မုချင်းရွဲက သူတို့နဲ့တစ်ချိန်ထဲ ဘားမှာ မဆုံခဲ့တာတောင်မှ ဇာတ်ကြောင်းရဲ့ 1Vs3 ကဖြစ်နေတုန်းပဲနဲ့ တူသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationKde žijí příběhy. Začni objevovat