Chapter 154: She Is A Member of His Family

7.3K 1K 53
                                    

UNICODE

ချူယန်က သူမကို ကြည့်လိုက်ကာ အလိုလိုက်သည့် လေသံဖြင့် ပြောလိုက်သည်။ "ကောင်မလေးလို့ အခေါ်မခံချင်ရင် ကောင်လေးလို့ ခေါ်လို့ရတယ်လေ"

ယဲ့ချင်းရန်က ချူယန်ရဲ့ ဆိုလိုရင်းကို နားမလည်ခင်မှာ‌ ခေတ္တမျှ ကြောင်အသွားသည်။ သူမ မနေနိုင်တော့ဘဲ ရယ်တော့သည်။ "လန့်သွားတာပဲ ကျွန်တော်က အစ်ကို ဖောက်ပြန်နေပြီထင်လို့"

ဘေးနားတွင်ရပ်နေသည့် လျန်ရှောင်းက သူတို့ရဲ့စကားကို ကြားချိန်တွင် မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားသွားရသည်။

သူတို့နှစ်ယောက်ကို တုန်ယီနေသည့် လက်ချောင်းဖြင့် မထိုးခင်မှာ တော်တော်ကြာ ကြောင်အနေသည်။

"အခု မင်းတို့ နှစ်ယောက် ဘာကို ပြောနေကြတာလဲ?"

ချူယန်ရဲ့ အကြည့်က လျန်ရှောင်းဆီ ကျရောက်သွားသည်။ သူက တည်ငြိမ်မြဲတည်ငြိမ်လျက်ဖြစ်ပြီး သူ့လေသံကလည်း မနှေးမမြန်ဖြစ်နေသည်။ "ကျွန်တော့်ကလေးက ငယ်သေးတယ်လေ။ သူမကြိုက်တဲ့သူဆိုရင် တကယ့်ကို မယဉ်ကျေးဘူး။ ကျေးဇူးပြုပြီး သူ့ကို သည်းခံပေးပါ"

လျန်ရှောင်း "..."

ဒါက ယဲ့ချင်းရန် အစ်ကိုကြီးမဟုတ်ဘူး။ ဝမ်းကွဲလည်း မဟုတ်ဘူး၊ အစ်ကိုအကြီးဆုံးလည်းမဟုတ်သလို အပြင်က ယဲ့ကျွင်းရဲ့ တရားမဝင်ကလေးလည်း မဟုတ်ဘူး။

ဒီအစ်ကိုဆိုတာက သူ့ချစ်သူကို ဆိုလိုတယ်ပေါ့လေ။

သူထပ်ပြီး ကြောင်အသွားသည်။ ခဏကြာပြီးနောက် ယဲ့ချင်းရန်ကို ကြည့်ကာ စကားထပ်ပြောလာသည်။ "ဟီးဟီး ဒီနေ့က April Fool နေ့နေမယ်။ ဒါမှမဟုတ် Truth or Dare ကစားနေကြတာလား? အဲ့လိုပဲ ဖြစ်မှာပါ ဟီးဟီးဟီး..."

ယဲ့ချင်းရန်က ခေါင်းခါလိုက်ရင်း ချူယန်ပေါ်တွင် ထိုင်လိုက်သည်။ သူ့ကို ကြည့်ကာ သူမ ပြုံးပြလိုက်သည်။ "ဒီနေ့က April Fool နေ့လည်းမဟုတ်သလို Truth or Dare ကစားနေတာလည်း မဟုတ်ဘူး။ ကျွန်တော့်အစ်ကိုက ခင်ဗျားကို တိုက်ရိုက်ပြောပြီဆိုမှတော့ ကျွန်တော် ဖုံးကွယ်နေစရာအကြောင်းမရှိတော့ဘူး။ ခင်ဗျားကို မိတ်ဆက်ပေးပါရစေ။ ကျွန်တော့် မိသားစုက ချူယန်ပါ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now