Chapter 23: She Had Really Given Him Face

10K 1.3K 73
                                    

ယဲ့ချင်းရန်က သူတို့ကို ဥပေက္ခာပြုလိုက်ပြီး သူမခြေထောက်အောက်ရှိ တုရန်ကိုသာ ကြည့်နေသည်။

"ငါမင်းကို မျက်နှာသာပေးခဲ့လား"

တုရန်ရဲ့ မျက်လုံးတွေနီရဲပြီး ရှက်လွန်းလို့ သူသေချင်သွားသည်။

မတွေ့ရတဲ့ ရက်အနည်းငယ်အတွင်းမှာ ယဲ့ချင်းရန်က ဒီလောက်ပြောင်းလဲသွားလိမ့်မယ်လို့ သူမထင်ထားပေ။ သူ့ရဲ့စကားလုံးတွေနဲ့အပြုအမူတွေက တိကျပြတ်သားပြီး အကြင်နာမဲ့သည်။ ယဲ့ချင်းရန်က လှောင်ရယ် ရယ်လိုက်သည်။ "မင်းဘာလို့ ဒီလောက်နိမ့်ကျရတာလဲ? ငါမင်းကို မျက်နှာသာပေးပေမယ့် မင်းမလိုချင်တာလေ... အရိုက်ခံလိုက်ရမှ နေသာထိုင်သာရှိသွားတဲ့ပုံပဲ"

တုရန်က သူ့မျက်နှာအနီရောင်ပြောင်းသွားသည်အထိ အားအကုန်သုံးပေမယ့်လည်း မထနိုင်ပေ။ သူ့ဘေးတွင်လည်း ကောင်မလေးအနည်းငယ်ရှိသည်။ ယဲ့ချင်းရန်ရဲ့ စူးရှနေသည့် မျက်ဝန်းအစုံကို သူတို့မြင်သောအခါ သူတို့မျက်နှာတွေကို လက်ဖြင့် ကိုင်လိုက်မိသည်။

"ဘုရားရေ ရုတ်တရက်ကြီး ယဲ့ချင်းရန်က အရမ်းခန့်ညားနေတယ်လို့ ခံစားမိနေရတာလဲ သွားပြီ သွားပြီ"

"နင်တစ်ယောက်ထဲ မဟုတ်ဘူး ငါလည်း သူ့ရဲ့ ယောကျာ်းပီသတဲ့ ဆွဲဆောင်မှုကို ခံစားနေရတယ်... သူ့အတွက် မျောက်လေးတစ်ကောင်တောင် မွေးပေးချင်လာပြီ"

"ခက်ထန်ပြီး ရက်စက်တဲ့ပုံပေါ်နေပေမယ့် ငါလည်း သူ့ကို သဘောကျတယ်... ငါ့အိပ်မက်တွေထဲက ချစ်သူကောင်လေးက သူပဲနေလိမ့်မယ်"

(T/N: အယ်မတို့ကလည်း ချက်ချင်းကြီးတွေကိုနော်)
..

ပွဲရှင်ဖြစ်တဲ့ လျှို့လန်းဝေက ထိုအကြောင်းကြားသည်နှင့် ချက်ချင်းရောက်ချလာသည်။ ယဲ့ချင်းရန်က တုရန်အပေါ်တက်နင်းထားတာ သူမြင်လိုက်တော့အနည်းငယ်ရှုပ်ထွေးသွားသည်။

"ဘာဖြစ်ကြတာလဲ"

"ဘာမှမဟုတ်ဘူး... တုရန်က ဂိမ်းရှုံးပြီး စိတ်အခြေအနေမကောင်းဖြစ်သွားတော့ သူက ငါ့ကို နှိပ်စေချင်တယ်လေ" ယဲ့ချင်းရန်က လျှို့လန်းဝေဟာ ကျဉ်းထဲကျပ်ထဲမရောက်စေချင်... ပြီးတော့ ဒီနေ့က သူက မွေးနေ့ရှင်ဖြစ်သည်။ "ဒါပေမယ့် ငါက ပိန်ပြီး အားနည်းတယ်လေ အားအကုန်မသုံးနိုင်တော့ တုရန်အပေါ်တက်နင်းပေးတာ အဲဒါ သူက မသက်မသာဖြစ်နေသေးတာနဲ့ ဒေါသထွက်နေတာ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now