Chapter 61: She Was Exposed

8.8K 1.4K 108
                                    

UNICODE
သင်္ချာဆရာမက "ဘဝင်မြင့်တယ်ဆိုတာလည်း ကောင်းတဲ့အရာပဲလေ.. အဲဒါက မင်းတော်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ.. တစ်ချို့တွေက ဘဝင်မြင့်စရာတောင်မရှိတာကို"

ယဲ့ချင်းရန်က မျက်မှောင်ကြုတ်သွားကာ "ဒါပေမယ့် ကျွန်တော်က ဒီစစ်ဆေးမှုမှာပဲ ကောင်းအောင်လုပ်တာလေ ကျွန်တော်က ဘယ်လိုလုပ်ပြီး"

ဆရာမက သူမကို ကြားဖြတ်ပြောလာသည်။ "မင်းတစ်ကြိမ်ကောင်းအောင်လုပ်တယ်ဆိုတာက စာမေးပွဲတိုင်းမှာ အမှတ်ကောင်းကောင်းရအောင်လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ"

ကျန်တဲ့ကျောင်းသားတွေအကုန် ဆွံ့အသွားကြသည်။
မဒမ် အခုလေးတင် ပြောခဲ့တာ မဟုတ်ဘူးလား
ဆရာမက သူမရဲ့အရေးထားရတဲ့ ကျောင်းသားနဲ့ဆို အကျိုးသင့်အကြောင်းသင်ဘ မဖြစ်တော့ဘူးပဲ

ယဲ့ချင်းရန်က ပြုံးလိုက်သည်။ "မဒမ်က ကျွန်တော့်ကို အမြင့်ကြီးတွေးနေမှတော့ ကျွန်တော်ကြိုးစားပါရစေ"

မုချင်းရွဲက သူမရဲ့အဖြေလွှာစာရွက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားရင်း ယဲ့ချင်းရန်ကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်နေသည်။ သူမနှလုံးသားထဲက အမုန်းတရားကို သူမ မထိန်းချုပ်နိုင်ဖြစ်နေသည်။ ဒီကမ္ဘာကနေ ယဲ့ချင်းရန် ပျောက်ကွယ်သွားဖို့ သူမ ဆုတောင်းမိသည်။

အတန်းပြီးတော့ ယဲ့ချင်းရန်ဘေးနားတွင် ကျောင်းသားတွေဝိုင်းနေကာ သူမအဆင့်တွေ မြန်မြန်တိုးတတ်လာအောင် ဘယ်လိုလုပ်လဲဆိုတာ သိချင်နေကြသည်။ နည်းနည်းလေး စိတ်ရှုပ်လာလို့ သူမက ဗိုက်အောင့်နေတယ်ဆိုပြီး လိမ်ကာ ထွက်လာလိုက်သည်။ ဒီနေ့ သူမ ဗိုက်ထဲမှာ တကယ်ကို နေရတာ အဆင်မပြေဖြစ်နေသည်။ ဗိုက်ထဲမှာ အေးစက်စက်ခံစားနေရပြီး လစဉ်အချိန်ရောက်တော့မှာမို့လို့ လေးလံနေသလို ဖြစ်နေသည်။

မူလကိုယ်ပိုင်ရှင်၏မှတ်ဉာဏ်အရဆို သူမ၏ ဓမ္မတာအချိန်ကရောက်တော့မည်ဖြစ်သည်။ ဖြစ်နိုင်တာကတော့ နောက်ရက်အနည်းငယ်လောက်ဆို ဖြစ်လိမ့်မည်။

လိုရမယ်ရ အပြန်မှာ စတိုးဆိုင်အသေးတစ်ခုထဲဝင်ပြီး လစဉ်သုံးပစ္စည်းနှစ်ထုပ်ဝင်ဝယ်ခဲ့သည်။ အိမ်ပြန်ရောက်တာနဲ့ ထမင်းဟင်းနံ့တွေရလိုက်သည်။ သူမနှင့် ဟဲစီကျိုး နှစ်ယောက်ပေါင်းပြီး မီးဖိုချောင်ပေါက်ကွဲလုနီးပါးလုပ်ပြီးတဲ့နေ့ကစပြီး ချူယန်က အိမ်အကူတစ်ယောက် ငှါးခဲ့သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now