Chapter 95: Her Second Girlfriend

8.2K 1.2K 148
                                    

UNICODE

ဟဲစီကျိုးက ချူယန်ကို ကြည့်ပြီး ကျွတ်ခနဲစုတ်သတ်လိုက်သည်။ "မင်းက ကူညီဖို့လား?"

ချူယန်က ပြန်ဖြေလာ၏။ "ငါ့အကူအညီ မလိုအပ်ဘူး"

ဟဲစီကျိုးက သိမ်ငယ်သွားသလို အထင်သေးခံရသလို ခံစားသွားရပြီး လျစ်လျူရှုခြင်းခံထားရသလိုပင်...

သူက ယဲ့ချင်းရန်ကို ကြည့်လိုက်၏။ "သူငယ်ချင်းလေး... မင်းက မင်းရဲ့အစ်ကိုကြီးနဲ့ တစ်ယောက်ချင်းစီ တိုက်ချင်တာလား?"

ယဲ့ချင်းရန်က မျက်တောင်ခတ်လိုက်ပြီး တောက်တောက်ပပပြုံးလိုက်သည်။ "မတိုက်ရဲပါဘူး မတိုက်ရဲပါဘူး... ကျွန်တော်က ရိုးသားဖြူစင်တဲ့သူလေးပါ...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အစ်ကို့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ပါဘူး"

ဟဲစီကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ "မင်းက ရိုးသားဖြူစင်တယ်ဆိုတော့ ငါက ကောက်ကျစ်တယ်ဆိုတဲ့သဘောလား? ဘာလို့ ငါ့ကို ဆူပူနေတဲ့လေသံမျိုးဖြစ်နေရတာလဲ?"

ချူယန်က အလွယ်တကူပြောလာသည်။ "သိသာနေတာပဲမဟုတ်ဘူးလား?"

ဟဲစီကျိုးက ဗျစ်တောက်ဗျစ်တောက်ပြောလာသည်။ "ကောင်းပါပြီ ငါမေ့သွားတာ... မင်းတို့နှစ်ယောက်လုံးက နေ့တူတူပဲ မွေးတာ..နှစ်ယောက်လုံးကလည်း Scorpios တွေ...မင်းတို့ရဲ့ တွေးတဲ့ပုံစံတွေ ဖြေရှင်းတဲ့ပုံစံတွေကလည်း တကယ်ကို ဆင်တူတယ်... တကယ်ကြောက်ဖို့ကောင်းလိုက်တာ"

ညစာစားပြီးနောက် ဟဲစီကျိုးက ပြန်သွားသည်။ တိုက်ဆိုင်စွာနှင့် အပေါ်ထပ်တွင်ရပ်နေသည့် မုချင်းရွဲက သူ့ကို မြင်လိုက်သည်။ မုချင်းရွဲ တောင့်တင်းသွားသည်။

အဲ့အခန်းမှာ ဘာလို့ နောက်ထပ်ယောကျာ်းတစ်ယောက်ရှိနေရတာလဲ? ဒီယောကျာ်းကရောဘယ်သူလဲ? ယောကျာ်းတွေက တဏှာစိတ်ကြီးလာရင် လူကျင့်ဝတ်တောင် ဂရုမစိုက်ကြဘူးလို့ လူတွေက ပြောကြသည်။ ယဲ့ချင်းရန်က ချူမျိုးရိုးနာမည်နဲ့ ယောကျာ်း ပြန်မလာခင်မှာ နောက်ထပ်တစ်ယောက်ကို ခေါ်သွင်းတာလား?

ကောင်မလေးပေါင်းများစွာရှိရုံတင်မက ယောကျာ်းတွေအများကြီးနဲ့လည်း ချိန်းသေးတယ်... တကယ်ရွံဖို့ကောင်းတာပဲ... ချူမျိုးရိုးနဲ့ ယောကျာ်းသာ ယဲ့ချင်းရန်က သူ့နောက်ကွယ်မှာ တခြားယောကျာ်းတွေနဲ့ ဒိတ်နေတာသိလို့ကတော့ ယဲ့ချင်းရန်ကို သေချာပေါက် စွန့်ပစ်လိုက်မှာသေချာသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationTempat cerita menjadi hidup. Temukan sekarang