Chapter 3: She Liked To Torture Scum

13.1K 1.7K 13
                                    

Unicode

"အခုမှ ပြေးမယ်ဆို နည်းနည်းနောက်မကျနေဘူးလား" သူမပြောလိုက်ချိန်မှာပဲ တန်ရှင်းယွမ်ခေါ်လာတဲ့ ယောကျာ်းအနည်းငယ်က ယဲ့ချင်းရန်နဲ့ ချူရုန်ရုန်ကို ဝိုင်းထားလိုက်သည်။

ချူရုန်ရုန် က "တန်ရှင်းယွမ် ဒါကျောင်းအပြင်မှာနော် ကျောင်းဝန်းထဲမှာ ဒီလို အကြမ်းဖက်မှုလုပ်ချင်နေတာလား"

"ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး မြန်မြန်လစ်လိုက်တော့ မဟုတ်ရင် ငါမင်းကိုပါ ရိုက်ပစ်မှာ" တန်ရှင်းယွမ်ရဲ့ မျက်နှာက ဒေါသတွေနဲ့မဲမှောင်နေသည်။ ယဲ့ချင်းရန်ကို စိုက်ကြည့်နေရင်း ဒေါသတွေပိုထွက်လာသည်။

"ယီးပဲ ယဲ့ချင်းရန် ငါကမင်းကို ငါ့သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့တာ မင်းက ငါ့ကောင်မလေးနဲ့ အိပ်ချင်တယ်ပေါ့လေ... ဒီနေ့ ငါမင်းကို မသန်မစွမ်းဖြစ်အောင်လုပ်ပေးမယ်"

တန်ရှင်းယွမ် လက်ဝှေ့ပြလိုက်တော့ သစ်သားတုတ်တွေကိုင်ထားတဲ့ လူတွေက ချက်ချင်းဝိုင်းလာတော့သည်။

ယဲ့ချင်းရန်ရဲ့မျက်နှာက တည်ငြိမ်နေပေမယ့် သူမမျက်လုံးတွေကတော့ ခက်ထန်နေသည်။

သစ်သားတုတ်တွေ သူမအပေါ်ကို ကျရောက်တော့မည့်ချိန်မှာ ယဲ့ချင်းရန်က ဘေးကိုလျင်မြန်စွာရှောင်ထွက်လိုက်သည်။

သူမသည် ယဲ့မိသားစုရဲ့အမွေဆက်ခံသူဖြစ်သောကြောင့် ငယ်ရွယ်စဉ်ထဲက သူမကိုယ်သူမ ကာကွယ်ဖို့အတွက် ကိုယ်ခံပညာတွေကို သင်ယူခဲ့သူဖြစ်သည်။ (T/N: ဒီစာအုပ်ထဲ မကူးပြောင်းလာခင်တုန်းက မိသားစုအကြောင်းကို ပြောတာပါ)

သူအသက် ၁၅နှစ်ထဲက ဒီလိုလမ်းသရဲအနည်းငယ်လောက်ကိုတော့ သူမကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သူဖြစ်သည်။

မူလကိုယ်ပိုင်ရှင်ကလည်း တိုက်ခိုက်ရတာတွေကို သဘောကျတဲ့သူမို့လို့ လေ့ကျင့်ခန်းတွေလုပ်တတ်တဲ့သူဖြစ်လို့ သူမရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကတော့ မဆိုးလှပေ။ ဒါကြောင့် သူမရဲ့ တကယ့်အားကို ထုတ်ပြနိုင်သည်။

ဒါကိုမြင်လိုက်ရတဲ့ ချူရုန်ရုန်က အရမ်းလန့်သွားပြီး "တန်ရှင်းယွမ် နင်အရမ်းလွန်သွားပြီ ငါဆရာတွေကို တိုင်ပြောမယ်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now