Chapter 126: She Couldn't Stop Liking Chu Yan

8.3K 1.2K 45
                                    

UNICODE

ချူယန်ရဲ့ အကြည့်တွေက လူတွေရဲ့ နှလုံးကို ထွင်းဖောက်ပြီး မြင်နေသလိုမျိုး သူမဟန်ဆောင်လို့ မဖြစ်နိုင်အောင် လုပ်နေသလိုပင်။ သူမရဲ့အတွေးတွေအကုန် ထုတ်ဖော်ခံရတော့မလိုမျိုး လုပ်နေသလိုပင်။

ယဲ့ချင်းရန် အနည်းငယ် မသက်မသာခံစားသွားရသည်။ "..."

အိုး နိုး မကောင်းတော့ဘူး။ မကောင်းတာလုပ်နေတာကို အမိခံလိုက်ရသလိုပဲ

"ခန့်မှန်းကြည့်လေ"

သူမက ခေတ္တမျှ တုန့်ဆိုင်းပြီးနောက် အဖြေမပေးဘဲနေလိုက်သည်။ ပြီးနောက် သူမရဲ့ နှုတ်ခမ်းထောင့်က အပြုံးအဖြစ်သို့ ကွေးတတ်သွားကာ ဆန်းကြယ်သည့်အမူအရာပုံစံဖြစ်သွားသည်။

"ဟမ်?" ချူယန်က သူမကို ကြည့်လိုက်ရင်း မျက်ခုံးမသိမသာ ပင့်တက်သွားကာ ဖြည်းညှင်းစွာ ပြောလာ၏။ "အခန်းထဲမှာ ကင်မရာတွေ တတ်ထားတာရှိတာပဲ"

"အာ" ယဲ့ချင်းရန်က အပြစ်ရှိဟန်ဖြင့် သူမ နဖူးကို ပွတ်လိုက်သည်။ ကင်မရာတကယ်ကြီးရှိတာလား? အဲဒါဆို သူ့အိပ်ယာပေါ်မှာ ငါလေး လှိမ့်နေတာ မြင်သွားပြီပေါ့

သူမက ခြောက်ကပ်စွာရယ်ရင်း ပြောလိုက်သည်။ "ဟားဟား အစ်ကို့အခန်းထဲမှာ အလှဆင်ဖို့ သွားတုန်းက ပြင်လည်းပြီးရော အိပ်ချင်လို့ မနေနိုင်တာနဲ့ အိပ်ယာပေါ်လှဲလိုက်တာ ခဏလေးအိပ်ပျော်သွားရော"

ချူယန်က ခေါင်းညိတ်လိုက်ပြီး နူးညံသည့်အသံဖြင့် ပြောလာသည်။ "တကယ်တော့ ကင်မရာမတပ်ထားဘူး"

ယဲ့ချင်းရန် ကြောင်အသွား၏။

ချူယန်က အပြုံးလေးဖြင့် ပြောလာသည်။ "အိမ်ရှေ့တံခါးရယ် ဧည့်ခန်းရယ်နဲ့ စာကြည့်ခန်းထဲမှာပဲ ကင်မရာတပ်ထားတာ တခြားနေရာတွေမှာ မရှိဘူး"

ယဲ့ချင်းရန်က သူ့ကို ခါးသက်စွာ ကြည့်လိုက်သည်။ "ဆိုတော့ အစ်ကိုက အခု ကျွန်တော့်ကို လိမ်လိုက်တာပေါ့... အရမ်း ဉာဏ်များတာပဲ"

ချူယန်က သူမကို ကြည့်ပြီး မေးလိုက်သည်။ "အခုတစ်ခေါက်က ငါ့အိပ်ယာမှာ အိပ်တယ် နောက်တစ်ကြိမ်ကျရင်ရော ဘယ်နေရာမှာ အိပ်မှာလဲ?"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now