Chapter 184: Confirm His Intentions

8.4K 1.2K 46
                                    

UNICODE

ကျင်းခန်ဟိုတယ်၏ ထိပ်ဆုံးအထပ် VIP Suite တွင် စီးပွါးရေးဧည့်ခံပွဲတစ်ခုကျင်းပနေသည်။ တက်ရောက်လာသူတိုင်းက ဝတ်စုံပြည့်နှင့် ဖြစ်သည်။

လျန်ရှောင်းက ငွေရောင် Suit ကို ဝတ်ဆင်ထားသည်။ သူ့တွင် မယှဉ်ပြိုင်နိုင်သည့် ဆွဲဆောင်မှု ခံ့ညားထည်ဝါသည့်အမူအရာတို့ ရှိနေသည်။ အလယ်တွင်ရပ်နေကာ တောက်ပနေသည်။

ယဲ့ချင်းရန်ကို ကျေးဇူးတင်ဖို့ Villa ကို သွားသည့်နေ့ ချူယန်နှင့်ဆုံပြီးနောက် သူချက်ချင်း မြို့တော်ကို ပြေးပြန်လာသည်။

အရာအားလုံးသိရှိပြီးနောက် သူ့ခံစားချက်တွေ ရှုပ်ထွေးလာသည်။

ယဲ့ချင်းရန်နှင့် တွေ့ဆုံမှုက ကောင်းမွန်သည့်တွေ့ဆုံတာမျိုးမဟုတ်သလို ယဲ့ချင်းရန်ကလည်း သူ့ကိုဆို အရမ်းအတိုက်အခံလုပ်တတ်သည်။

သို့ပေမယ့် အချိန်တစ်ခုကြာအောင်ရှိပြီးနောက် သူက ယဲ့ချင်းရန်နှင့် တကယ် သူငယ်ချင်း ဖြစ်ချင်မိသည်။ ထိုအတောအတွင်းမှာ ယဲ့ချင်းရန်ပေါ်ထားတဲ့ သူ့ခံစားချက်တွေကို သူသတိပြုမိပေမယ့် နားမလည်ခဲ့ပေ။

ယဲ့ချင်းရန် သူ့ကို ပြောလာသည့်အချိန်အထိဖြစ်သည်။

ချူယန်လို့ခေါ်သည့် ထိုယောကျာ်းက သူ့ကောင်လေးဖြစ်ပြီး သူတို့နှစ်ဦးက ချစ်သူတွေဖြစ်သည်တဲ့။ သူထိတ်လန့်သွားသလို တစ်ချိန်တည်းမှာပဲ ယဲ့ချင်းရန်ကို သူ ဘာလို့ကွဲကွဲပြားပြားဆက်ဆံတာလဲဆိုတာပါ နားလည်သွား၏။

သူ ယဲ့ချင်းရန်ကို သဘောကျသည်။ သူက ယောကျာ်းတစ်ယောက်ကို ချစ်မိသွားသည်။

ဤသဘောပေါက်မှုက သူ့ကို အရမ်းကြောက်သွားစေပြီး ကျင်းမြို့တော်ကနေ မြို့တော်ကို သူ အမြန်ပြန်တော့သည်။

သူ ဂနာမငြိမ်ဖြစ်ရပြီး တုန်လှုပ်နေသည်။ ထို့အတွက်ကြောင့် ယဲ့ချင်းရန်အကြောင်းတွေကို သူ သတိမပြုမိချင်ခဲ့ပေ။

သို့ပေမယ့် ဤအတောအတွင်းမှာ သူက ယောကျာ်းတိုင်းနှင့် ချစ်ကျွမ်းဝင်တာ မဟုတ်ဘူးဆိုတာ သူနားလည်သွားသည်။ သူက ယဲ့ချင်းရန်တစ်ယောက်တည်းကိုသာ ချစ်မိသွားတာဖြစ်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now