Chapter 118: She Is Deliberately Causing Trouble

7.6K 1.1K 111
                                    

UNICODE

လုံကျွင်းယောင်လည်း လျန်ရှောင်းနှင့်မုရုန်ယီချန်းကို မြင်လိုက်သည်။ သူက ကြောင်သွားပေမယ့် သူတို့နှစ်ယောက်ဆီ လျှောက်လာ၏။

"ယီချန်း လျန်ရှောင်း မင်းတို့က ဘာလို့ ဒီကို ရောက်နေတာလဲ?"
မုချင်းရွဲလည်း လျန်ရှောင်းနှင့်မုရုန်ယီချန်းတို့ကို မြင်တော့ မသိမသာလေး တောင့်တင်းသွားသည်။ သူမရဲ့စိတ်က ခုချိန်ခဏတွင် ရှုပ်ထွေးနေပြီး အနည်းငယ် ကြောင်အနေသည်။

လုံကျွင်းယောင် ပြန်လာကတည်းက ဖျော်ဖြေရေးလောကမှ အလုပ်တွေ ရပ်သွားပေမယ့် မုရုန်ယီချန်းကတော့ သူမကို မကြာမကြာ လာရှာနေတုန်းဖြစ်သည်။ သူမက မလိုက်လျောလျှင် မုရုန်ယီချန်းက လုံကျွင်းယောင်ကို အကုန်လုံးပြောပြလိုက်မည်ဟု ခြိမ်းခြောက်တတ်သည်။

တိတ်တိတ်ပုန်းအချစ်ဇာတ်ခင်းရတာကို သဘောကျနေသည့်ပုံဖြစ်နေသည်။ မုရုန်ယီချန်းသာဆိုလျှင်တော့ သူမ စိတ်မပူပေ။ သို့သော်လည်း ပြီးခဲ့တဲ့တစ်ခေါက်က သူမနှင့် မုရုန်ယီချန်းရှိနေသည်ကို လျန်ရှောင်းမြင်ထားခဲ့သည်။

သူက လုံကျွင်းယောင်ကို ပြောမလား? ဘာရယ်မှန်းမသိသည့် အကြောင်းတစ်ချို့ကြောင့် သူမ လျန်ရှောင်းကို မြင်ချိန်တိုင်း သူမရဲ့ နှလုံးခုန်နှုန်းက ထိန်းချုပ်လို့မရအောင် မြန်ဆန်နေသည်။ မုချင်းရွဲက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ လုံကျွင်းယောင် နောက်သို့လိုက်သွားသည်။

သူမက လျန်ရှောင်းနှင့် မုရုန်ယီချန်းတို့ကို မျက်နှာချင်းဆိုင်ချိန်မှာတော့ သူမမျက်နှာတွင် ညင်သာပြီး ချစ်ဖို့ကောင်းသည့် အပြုံးတစ်ခု ချိတ်ဆွဲထားကာ ချောမွေ့သည့် အမူအရာကို ပြနေသည်။

လျန်ရှောင်းက မုချင်းရွဲကို တစ်ချက်ကြည့်ပြီး လုံကျွင်းယောင်ကို ပြောလိုက်သည်။ "ယဲ့ချင်းရန်က ငါ့သူငယ်ချင်းပဲ... သူ့ပွဲကို ငါတတ်ရမှာပေါ့...ယီချန်းကတော့ ငါခေါ်လာတာ"

လုံကျွင်းယောင်က မျက်မှောင်ကြုတ်သွားသည်။ "ယဲ့ချင်းရန်က မင်းသူငယ်ချင်း?"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now