Chapter 102: Attending an Auction

8.2K 1.2K 23
                                    

UNICODE

ယဲ့ချင်းရန်က လင်းရှုအာအား ဒီနာလက်ကနေပုန်းကွယ်ရန်အတွက် ဖျားချင်ယောင်ဆောင်နေဖို့ ပြောထားသည်။ အဆုံးမှာတော့ လင်းရှုအာက တကယ်ဖျားသွားသည်။ ဆိုးဆိုးဝါးဝါးဖျားခြင်းတော့မဟုတ်ပေ။ ပရဟိတလေလံပွဲမတိုင်ခင် တစ်ရက်၌ မတော်တဆမိုးမိသွားသည်။ နောက်တစ်နေ့မှာတော့ အဖျားရှိလာကာ နှာတွေချေ ချောင်းဆိုးကာ ခေါင်းထိုးလာသည်။

ယခုကဲ့သို့အခြေအနေတွင် ပရဟိတလေလံပွဲသို့ တက်ရန် မသင့်တော်ပေ။

ပထမကတော့ နောက်ကွယ်ကနေပြီး ပွဲကြည့်ဖို့ စီစဉ်ထားသည့် ယဲ့ချင်းရန်က လင်းရှုအာအစား ပရဟိတလေလံပွဲသို့ တက်ပေးရတော့သည်။ လင်းရှုအာက မကြာခဏ နေမကောင်းဖြစ်ကာ ဒီနာနှင့်မတွေ့ဆုံသည်မှာ အချိန်တစ်ခုရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယဲ့မိသားစုဘက်မှ လေလံပွဲတက်လာသည်မှာ လင်းရှုအာမဟုတ်ဘဲ ယဲ့ချင်းရန်ဖြစ်နေတာ လူတွေမြင်တော့ အံ့ဩခြင်းမရှိပေ။ ဒီနာမှ လွဲလျှင်ပေါ့... ဒီနာက တစ်ခုခုမှားနေပြီလို့ ခံစားနေရသည်။

လင်းရှုအာက တမင်ရှောင်နေတာလား? တစ်ခုခုများရှာတွေ့သွားလို့လား?

ဒါပေမယ့် တစ်စုံတစ်ခု သူမရှာတွေ့သွားပါက လင်းရှုအာမှ ဖောင်ဒေးရှင်းက ပြောရေးဆိုခွင့်ရမည့်သူကို အမျိုးသမီးဇာတ်လိုက်နေရာကို ပေးလိမ့်မည်မဟုတ်ပေ။ ရုပ်ရှင်၏ အဓိကမင်းသားနေရာက ယဲ့မိသားစု၏ ဒုတိယမြောက်သားဖြစ်သည်။ အဲဒါကပင် ယဲ့မိသားစုနှင့် ဖောင်ဒေးရှင်းကြားက ဆက်ဆံရေးကို ခိုင်မြဲအောင် ချည်နှောင်ထားတာဖြစ်သည်။

ဒီနာက သူမနှလုံးသားထဲရှိ သံသယကို ပယ်ဖျောက်လိုက်သည်။ လင်းရှုအာက အမှန်တကယ် ဆက်ဆံရေးကို ဖြတ်တောက်ပစ်ချင်လျှင်တောင် သူမက သေချာပေါက် လုပ်ခွင့်ပေးမည်မဟုတ်ပေ။

ဒီနာက ယဲ့ချင်းရန်ကို အရင်က မမြင်ဖူးပေ။ တစ်စုံတစ်ယောက်ကိုခေါ်ကာ သူမကို မိတ်ဆက်ခိုင်းသည်။ ယဲ့ချင်းရန်က လင်းရှုအာ၏သားဆိုတာကို သူမကြားရတော့ ချက်ချင်းဆိုသလို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationNơi câu chuyện tồn tại. Hãy khám phá bây giờ