Chapter 192: Don't Think You're Boyfriend Is Good

7.4K 1.1K 16
                                    

UNICODE

လင်းရှုအာ ဘယ်နေရာပဲသွားသွား သူမ သမီးကိုသာ မေ့ချင်မေ့မည်။ ဒါပေမယ့် ယဲ့ကျွင်းကိုတော့ ဘယ်တော့မှ မမေ့ပေ။

နေ့လည်စာစားနေတုန်း သူမက ယဲ့ကျွင်းကို ဖုန်းခေါ်လိုက်သည်။

ကုမ္ပဏီမှာ ယဲ့ကျွင်းအလုပ်များနေပြီး နေ့လည်စာစားဖို့အချိန်မရှိတာကို သိတာနှင့် သူမက ရှီဂွန်းစားသောက်ဆိုင်တွင် နေ့လည်စာစားနေကြောင်း ကုမ္ပဏီနှင့် နီးသည့်အတွက် သူမက နေ့လည်စာလာပို့ပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။

သူမက ယဲ့ချင်းရန်ကို ဂုဏ်ပြုနေ့လည်စာစားပွဲလုပ်ပေးမည်ဟု ကတိပြုထားသော်လည်း နောက်ဆုံးမှာတော့ သူမနေ့လည်စာကို အမြန်လက်စသတ်ပြီး ငွေရှင်းလိုက်သည်။ ယဲ့ချင်းရန်ကို တက္ကစီငှါးပြန်ဖို့ ပြောပြီး နေ့လည်စာထမင်းဘူးကို သယ်ကာ ထွက်သွားတော့သည်။

လင်းရှုအာ ထွက်သွားသည်နှင့် လျန်ရှောင်းရောက်ချလာတော့သည်။ "အန်တီက ဘာလို့ အရင်ပြန်သွားတာလဲ? ကိုယ်ကြောင့်များ မင်းကို ထားခဲ့ပြီး ကိုယ်နဲ့ အတူတူရှိနေနိုင်အောင်လို့လား?"

ရောက်ချလာတာ လျန်ရှောင်းတစ်ယောက်ထဲသာမဟုတ် မုရုန်ယီချန်းပါ လာထိုင်နေသည်။

သူက ယဲ့ချင်းရန်ကို ရန်စသည့်အကြည့်ဖြင့် ကြည့်လာသည်။ "ဟွာမုလန်ထက်တောင် မင်းက ပိုပြီး အင်အားကြီးမယ်လို့ ငါတကယ်မထင်ထားဘူး"

သူက ထေ့ငေါ့ပြီး အထက်စီးကနေ ပြောတာဖြစ်သည်။

ဒါကို ယဲ့ချင်းရန်က မသိဘဲ ဘယ်နေလိမ့်မလဲ။

သူမက ပြုံးပြီး နားမလည်ချင်ယောင်ဆောင်လိုက်သည်။ သူမရဲ့ အစားအသောက်ကိုသာ ဆက်စားနေပြီး သူတို့ကို ကြည့်ဖို့ ခေါင်းလေးတစ်ချက်တောင် မမော့လာပေ။ သူမက ဂရုမစိုက်သလိုသာ ပြန်ဖြေလာသည်။ "ချီးကျူးပေးတဲ့အတွက် ကျေးဇူးပဲ"

မုရုန်ယီချန်း နင်သွားပြီး ဆွံ့အသွားသည်။ "..."

သူမကို ချီးကျူးတယ်လို့ ဘယ်လိုလုပ်ထင်သွားတာလဲ? သူက သူမကို လှောင်နေတာလေ။ ဒီမိန်းမကတော့ တော်ရုံအရေထူတာမဟုတ်ဘူးပဲ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now