Chapter 12: Mortal God

10.6K 1.4K 26
                                    

UNICODE

ယဲ့ချင်းရန်: "..."
တကယ်တော့ သူမကို စာပြပေးတာမျိုးမလိုချင်ပေမယ့် စာပြပေးမယ့်သူက ချူယန်, မသေမျိုးနတ်ဘုရားဆိုရင်တော့ အဆင်ပြေသည်။
သူမက ယဉ်ကျေးစွာပြောလိုက်သည်။ "ဒါဆို ကျေးဇူးတင်ပါတယ်နော် အစ်ကို"

ချူယန်: "..."

ငါသဘောတူလိုက်လို့လား... သေချာပေါက် ငါက ငြင်းဖို့လေ...

ဒါပေမယ့်  မျှော်လင့်တကြီးနဲ့ သူ့ကိုကြည့်နေတဲ့ သူရှေ့က ကလေးနှစ်ကောင်ရုပ်ကိုကြည့်လိုက်တော့ သူငြင်းရင် သေချာပေါက် ငိုကြမယ့် အနေအထားမှာရှိသည်။ လေထုက ရုတ်တရက်တိတ်ဆိတ်သွားပြီးနောက် ချူယန်က တိုးတိုးလေး ပြောလိုက်သည်။ "အင်း"

"ကိုကြီးက အရမ်းကောင်းတာပဲ"

ချူရုန်ရုန်က ပျော်သွားပြီး ယဲ့ချင်းရန်ဘက်သို့ လှည့်ပြောလိုက်သည်။ "အစ်ကိုရန် ကိုကြီးက အရမ်းကို ဉာဏ်ကောင်းတဲ့ ကျောင်းသား အမြဲ ထိပ်ဆုံးနေရာမှာပဲရှိတာ... ကိုကြီးကသာ အစ်ကို့ကို သင်ပေးမယ်ဆိုရင် သေချာပေါက် အချစ်ရူးကောင်ကို ရိုက်ချနိုင်မှာ"

ယဲ့ချင်းရန်က နှုတ်ခမ်းစေ့လိုက်ပြီး ပြုံးလိုက်သည်။ "အင်းပါ"

ခန့်ညားတဲ့ အမျိုးသားချောချောကို ကြည့်ခွင့်ရရုံတင်မကဘဲ အနာဂတ်မှာ သူမသင်ခန်းစာတွေနဲ့ပတ်သက်ပြီး သူ့ကိုရှာဖို့ အခွင့်အရေးရပြီ... ဒါလေးက ကမ္ဘာနှစ်ခုမှာ တကယ့်ကို အကောင်းဆုံးပဲ...

စာပြမယ့်နေရာကတော့ သေချာပေါက် စာကြည့်ခန်းထဲမှာဖြစ်သည်။

ယဲ့ချင်းရန်က ဖတ်စာအုပ်တွေ အိမ်စာတွေ တစ်ပုံတစ်ပင်နဲ့ ဝင်သွားတော့ ချူယန်က အထဲရောက်လို့ ထိုင်တောင် ထိုင်နေပြီ... သူ့ရဲ့ ဖြူဖွေးနေသည့် လက်ချောင်းရှည်ရှည်သွယ်သွယ်တွေက Computer Keyboard တွင် ပြေးလွှားနေသည်။ သူဘာတွေအလုပ်ရှုပ်နေလဲဆိုတာတော့ ဘယ်သူမှ မသိပေ။ သူ့ရဲ့ အေးစက်စက်အရောင်အဝါက တော်ရုံလူ သူ့နား မချဉ်းကပ်နိုင်ပေ။

ယဲ့ချင်းရန်က နာခံတတ်တဲ့ပုံစံနဲ့ ခေါ်လိုက်သည်။

"မင်္ဂလာပါ အစ်ကို"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now