Chapter 85: She Messed Up the Plot

8.5K 1.5K 135
                                    

UNICODE

ယဲ့ချင်းရန်က ဒီမြင်ကွင်းကိုမြင်တော့ သူမလည်း အံ့အားသင့်သွားသည်။

ဘာတွေဖြစ်ကုန်တာလဲ? မုချင်းရွဲက လျန်ရှောင်းကို ကျရှုံးအောင် မလုပ်နိုင်ဘူးလား?

မူရင်းဝတ္ထုထဲတွင် လျန်ရှောင်းကသာလျှင် မုချင်းရွဲကို မြင်မြင်ချင်းမကြိုက်ခဲ့တဲ့သူဖြစ်သည်။ သို့သော်ငြားလည်း သူသည်လည်း ဇာတ်လိုက်မ ခန္ဓာကိုယ်ကို ကြိုက်တဲ့ အမျိုးသား ဇာတ်လိုက်ဖြစ်သည်။ ဇာတ်လိုက်မက သူ့ကို အချစ်အတွေ့အကြုံမပေးရသေးလို့များ ဖြစ်နိုင်မလား။

ထို့အပြင် သူက ဇွဲအကောင်းဆုံးနှင့် လှည့်ကွက်သုံးတာအကောင်းဆုံး အမျိုးသားဇာတ်လိုက်ဖြစ်၏။ သူက တစ်ချိန်တည်းမှာပင် မောက်မာသည်၊ ခြယ်လှယ်တတ်သည်၊ ညင်သာတတ်သည့် သူဖြစ်သည်။

အခု သူက ဇာတ်လိုက်မအပေါ် ဘယ်လို ကြမ်းတမ်းနိုင်တာလဲ? မုချင်းရွဲရဲ့ မောင်းမဆောင်အဖွဲ့ဝင်ဖြစ်တဲ့ သူက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေတာလဲ?

ဇာတ်ကြောင်းပြောင်းသွားပြီး လျန်ရှောင်းက ဇာတ်လိုက်မရဲ့ရောင်ဝါကနေ ကင်းလွတ်သွားတာများလား?
မဖြစ်သင့်တာကြီး...

ထူးခြားသည့်အခွင့်အရေးနှင့် ကြုံလာရင်တော့ လျန်ရှောင်းက ဇာတ်လိုက်မအပေါ် သဘောကျသွားနိုင်သည်။

တစ်နေ့ကျရင် လျန်ရှောင်းက လုံကျွင်းယောင် မဟုတ်ရင်လည်း မုရုန်ယီချန်းနှင့် မုချင်းရွဲတို့ တိုက်ပွဲဝင်ချိန်နဲ့ဆုံပြီး လျန်ရှောင်းလည်း သူမအပေါ် ခံစားချက်ရှိသွားလိမ့်မည်။ မုချင်းရွဲနဲ့ ချစ်ကျွမ်းဝင်သွားရင်တောင် ဝင်သွားနိုင်သည်။

ဒီလို ဇာတ်ကြောင်းမျိုးက သူတို့ရဲ့ဇနီးလေးတွေ အရမ်းကို ကျော်ကြားပြီးနောက်မှာ သူတို့နောက်မလိုက်ခင် ချစ်လိုက် သတ်လိုက်ကြတာမျိုး ဖြစ်သည်။

အဲ့အချိန်မှာတော့ လျန်ရှောင်းက သူမအပေါ် ရုတ်တရက်ဒေါသထွက်တာကို မုချင်းရွဲကြားလိုက်တော့ သူမစိတ်က ခဏလောက် ဗလာသက်သက်ဖြစ်သွားသည်။

ဘယ်လိုဖြစ်တာလဲ? သူမက မစ္စတာလျန်ကို ကူညီတာကို ဘာလို့ မစ္စတာလျန်က သူမကို စိတ်တိုရတာလဲ?

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now