Chapter 125: She Couldn't Stop Teasing Chu Yan

8.2K 1.2K 26
                                    

UNICODE

ယဲ့ချင်းရန်က အိမ်ထဲသို့ ဝင်လာပြီး ချူယန် ဘယ်တော့ပြန်မလဲဆိုပြီး စာတိုပို့ဖို့လုပ်လိုက်သည်။

ပို့တော့မည့်အချိန်မှာပဲ ရုတ်တရက် ရပ်လိုက်သည်။ သူမ မေးလိုက်ရင် Surprise လုပ်ထားတာ ပျက်သွားမှာ စိုးမိသည်။

အချိန်ကိုကြည့်လိုက်တော့ သူ ပြန်လာတော့မည့်အချိန်လောက် ဖြစ်ပြီ။

ဧည့်ခန်းထဲ ခဏထိုင်ပြီးနောက် ပိုနေသည့် ဘောလုံးတွေကို ချူယန် အိပ်ခန်းထဲမှာ နည်းနည်း ပြင်ဖို့ လုပ်လိုက်သည်။

ချူယန်၏ အိပ်ခန်းက အရမ်းကို သန့်ပြန့်နေသည်။ အပို အလှဆင်ထားတာတွေတစ်ခုမှမရှိဘူး။ တစ်ယောက်မှ မနေခဲ့ဘူးသလို အရမ်းကို ရိုးရှင်းသည်။

ဘောလုံးတွေဖြင့် အလှဆင်ပြီးနောက် ယဲ့ချင်းရန်က ဘီဒိုဖွင့်ပြီး ကြည့်လိုက်သည်။

အကျီတွေကို သပ်ရပ်စွာ ချိတ်ဆွဲထားပြီး အများကြီး မရှိပေ။ Suit အနည်းငယ်၊ ရှပ်အနည်းငယ်နှင့် ပေါ့ပေါ့ပါးပါးအဝတ်အစား အနည်းငယ်သာရှိသည်။ နေ့စဉ်သုံးတွေ သိပ်မရှိဘူးဖြစ်သည်။

ယဲ့ချင်းရန် မှတ်မိသလောက်ဆို ချူယန်မှာ နောက်ထပ်အိမ်တစ်လုံးရှိသေးပုံရသည်။ ချူမိသားစုထံလည်း သိပ်မပြန်သလို ဒီကိုသာ မကြာမကြာ လာတတ်သည်။ ဆိုတော့ အချိန်အများစုက နောက်ထပ်အိမ်တစ်လုံးမှာ သူနေတယ်ပေါ့။

နောက်အိမ်မှာရော သူတစ်ယောက်တည်းနေတာလား? ဒါမှမဟုတ် တခြားတစ်ယောက်နဲ့များလား?

မိန်းမတွေများ ရှိနေမလား?

ယဲ့ချင်းရန်က ခေါင်းခါလိုက်သည်။ ဘာလို့များ ဒီလိုအတွေးက ရုတ်တရက်ကြီး ဝင်လာရတာလဲ? သူမ အရမ်းကို ထူးဆန်းနေပြီပဲ။

ဒါပေမယ့် သူ့ရုပ်ရည်အရကလည်း ပြည့်စုံသလို အကျင့်စရိုက်လေးကလည်း အရမ်းကောင်းတာပဲလေ။ သန့်ရှင်းပြီးတော့ မဝံ့မရဲဖြစ်တဲ့သူလည်းမဟုတ်။ ပြီးတော့ ညင်သာပြီးတော့ တွေးတောပေးတတ်တယ်။ သူမမွေးနေ့ကိုလည်း ကျင်းပပေးတဲ့အပြင်ကို လက်ဆောင်တွေနဲ့ အံ့ဩသွားအောင် လုပ်ပေးတယ်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM Translationजहाँ कहानियाँ रहती हैं। अभी खोजें