Chapter 11: Her Tutor

10.9K 1.4K 43
                                    

UNICODE

"မင်းက... ထိပ်ဆုံးအယောက် ၁၀၀ထဲ? ပေါက်ကရတွေလိုက်ပြောလို့ မင်းလျှာမင်းပြန်ကိုက်မိမှာ မကြောက်ဘူးလား?"

ဟွာချီ ရယ်ရလွန်းလို့ သေမတတ်ဖြစ်နေသည်။
(T/N တစ်ခါထဲသေလိုက်ပါလား)

သူနဲ့ ယဲ့ချင်းရန် အတန်းဖော်ဖြစ်တာ နှစ်နှစ်ရှိပြီဖြစ်သည်။ အတန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ယဲ့ချင်းရန်ရဲ့ အဆင့်တွေက ဘယ်လိုရှိလဲဆိုတာ သူကောင်းကောင်းသိသည်။ သူရဲ့ မျက်နှာကြောင့်ဆိုရင်တော့ တစ်ချို့လူတွေကတော့ ယဲ့ချင်းရန်က ကျောင်းမှာ အချောဆုံးကျောင်းသားဖြစ်သည်ဟု ပြောကြမည်။ သူ့အဆင့်တွေအကြောင်းမေးလာရင်တော့ အကုန်လုံးက ယဲ့ချင်းရန်က ညံ့ကြောင်းပြောကြမည်။ အညံ့ဆုံးတွေက စာမေးပွဲတိုင်းမှာ အမြဲတန်း နောက်ဆုံးမဟုတ်ရင် နောက်ဆုံးက ဒုတိယဖြစ်သည်။

ထိပ်ဆုံး ၁၀၀ ထဲဝင်ဖို့ မပြောနဲ့ ထိပ်ဆုံး ၁၀၀ ရဲ့ အနားကို ကပ်ဖို့တောင် သူ့အတွက်လွယ်မည်မဟုတ်ပေ။

ဟွာချီကပြောလာသည်။ "မင်းသာ ထိပ်ဆုံး အယောက် ၁၀၀ ထဲဝင်ရင် ငါတို့အတန်းက နောက်ဆုံးနေရာမှာ မရှိတော့ဘူးဆိုရင်တောင် ငါကိုယ်တိုင်မင်းကို တောင်းပန်မယ်။ ဒူးထောက်ပြီးတော့ကို တောင်းပန်မယ်"

ယဲ့ချင်းရန်က အတည်ပြောလာသည်။ "မင်းဒူးထောက်ပြီး တောင်းပန်မယ်ဆိုတာ သေချာရဲ့လား? ငါက မင်းကို ဒူးထောက်ဖို့ မပြောဘူးနော် မင်းဘာသာမင်း ပြောလာတာ... အဲ့အချိန်ရောက်လို့ ငါက မင်းကိုဒူးထောက်ခိုင်းရင် ငါ့ကို လွန်တယ်လို့ မစွပ်စွဲနဲ့"

"ငါသေချာတယ် ငါဒူးထောက်ပြီး တောင်းပန်မယ်"

ဟွာချီက သူရှုံးမယ်လို့ မတွေးထားပေ။ "ဒါပေမယ့် မင်းသာ ထိပ်ဆုံး ၁၀၀ ထဲ မဝင်ခဲ့ရင် ငါတို့အတန်းကို ဆွဲချနေတာရပ်ပြီး ထွက်သွားရမယ်"

ယဲ့ချင်းရန်က တွန့်ဆုတ်နေခြင်းမရှိဘဲ သဘောတူလိုက်သည်။ "အိုကေ"

တစ်တန်းလုံး အံ့ဩသွားသည်။ အဲ့လောင်းကြေးထပ်မှုက ကျောင်းဖိုရမ်ကိုပါ ရောက်သွားသည်။ ဒီအချိန်မှာတော့ တစ်ကျောင်းလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားတော့သည်။ ဘာလို့လဲဆိုတော့ ယဲ့ချင်းရန်ရဲ့အကြောင်းကို တစ်ကျောင်းလုံးက ကောင်းကောင်းသိလို့ဖြစ်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now