Chapter 40: She Tricked Her Third Brother Again

9.6K 1.4K 39
                                    

UNICODE

ပိုင်ပေပေက ရိုးသားစွာနဲ့ ခေါင်းညိတ်လိုက်သည်။

"ငါ အရမ်းစိတ်လှုပ်ရှားနေတာ...ငါကြောက်တယ် ငါ..."

"မကြောက်ပါနဲ့ အဲဒါကို ဆက်ပြီးတွေးနေရင် ကြောက်စိတ်က မင်းအပေါ် ပိုသက်ရောက်လာလိမ့်မယ်"

အဲဒါကြောင့် ဇာတ်ကြောင်းထဲမှာ အဆုံးသတ်ကျမှ ယဲ့ချန်းဖုန်းက သူမနဲ့ အတူရှိသွားတာဖြစ်သည်။

ယဲ့ချင်းရန်က တစ်ခုခုကိုတွေးမိသွားပြီး ထပ်ပေါင်းပြောလိုက်သည်။

"အို ဒါနဲ့... ငါ့အစ်ကိုသုံးက မင်းနာမည်ကို ပထမဆုံး မမေးလာရင် မင်းလည်း မင်းနာမည်ကို အရင်ဆုံး မပြောပြနဲ့"

"ဘာလို့လဲ"

"နောက်ကျ ပြောပြမယ်"

သူမသာ ပိုင်ပေပေဆိုတာ သိတာနဲ့ ယဲ့ချန်းဖုန်းက သေချာပေါက် လက်လွှတ်မှာ ဖြစ်သည်။ အခုချိန်က ဆုံးရှုံးဖို့ မသင့်တော်သေးဘူး

ယဲ့ချင်းရန်က ပိုင်ပေပေနဲ့ Wechat Account လဲလှယ်လိုက်ကြပြီးနောက် အနောက်တိုင်းစားသောက်ဆိုင်ဆီ ပြန်လာကြသည်။ သူတို့နှစ်ယောက် စားသောက်ဆိုင်ထဲသို့ တစ်ယောက်ပြီးမှ တစ်ယောက်ဝင်လိုက်ကြသည်။ ပိုင်ပေပေက ယဲ့ချန်းဖုန်းနဲ့မုချင်းရွဲရဲ့ စားပွဲဘေးတွင် ထိုင်သည်။ ယဲ့ချင်းရန်ကတော့ နည်းနည်းလောက်ကြာမှ ဝင်လာသည်။ ယဲ့ချန်းဖုန်းနဲ့ မုချင်းရွဲက စားစရာတွေစားလို့ပြီးနေပြီ ဖြစ်ပြီး စကားပြောနေကြသည်။

မုခချင်းရွဲက ယဲ့ချန်းဖုန်းကို လေးစားတဲ့ပုံနှင့်ကြည့်ပြီး ပြောလိုက်သည်။

"စီနီယာက အရမ်းအံ့ဩဖို့ကောင်းတာပဲ"

ယဲ့ချန်းဖုန်း စိတ်ထဲမှာတော့ ပီတိဖြာနေပြီး မျက်နှာပေါ်မှာတော့ ဘာအမူအရာမှမပေါ်ပေ...

အဲ့အချိန်မှာပဲ အံ့အားသင့်တဲ့အသံနဲ့ ခေါ်သံကို ကြားလိုက်သည်။

"Yo...အစ်ကိုသုံး ဘာလို့ ဒီမှာရှိနေတာလဲ"

"တိုက်ဆိုင်လိုက်တာ"

ယဲ့ချန်းဖုန်းမှာ ပြန်တောင်မပြောနိုင်တော့ပေ... သူ့အတွေးထဲမှာတော့ ယဲ့ချင်းရန်က သူဘယ်လို ကောင်မလေးနဲ့ ဒိတ်နေလဲဆိုတာ သိချင်လို့ လာကြည့်တယ်လို့ပဲထင်လိုက်သည်။ အဲဒါကြောင့် ယဲ့ချင်းရန်ကို မုချင်းရွဲနဲ့ မိတ်ဆက်ပေးဖို့ ပြင်လိုက်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now