Chapter 132: She Can't Stop Cheating Her Third Brother

7.6K 1.2K 67
                                    

UNICODE

ယဲ့ချင်းရန်က ချီရွှန်အိမ်ကနေ ယဲ့မိသားစုအိမ်ကိုသာ တန်းပြန်သွားသည်။ ဒီနေ့ ယဲ့မိသားစုအိမ်ကို ပြန်လာမည်ဟု မနေ့က ယဲ့ကျွင်းကို သူမ ကတိပေးခဲ့သည်။

ယဲ့မိသားစုဆီ ပြန်ရောက်ပြီးနောက် သူမ ခရီးထွက်မည့်အကြောင်းပြောသောအခါ သူမ ဘယ်သူတွေနှင့်သွားမှာလဲဆိုပြီး ယဲ့ကျွင်းကမေးသည်။

သူမတစ်ယောက်ထဲသွားမည့်အကြောင်းနှင့် ဘယ်သူမှ မပါကြောင်း ယဲ့ချင်းရန်က ပြောလာသည်။

ယဲ့ကျွင်းလည်း သဘောတူလိုက်၏။ သူ့ရင်ထဲမှာတော့ ယဲ့ချင်းရန်က ခရီးကနေပြန်ရောက်လာတဲ့အခါ နဂါးနန်းတော်၏သူဌေးနှင့် ယဲ့ချင်းရန်၏ ဆက်ဆံရေး မှေးမှိန်သွားပြီး အနာဂတ်မှ မိန်းကလေးတွေကိုပဲ ပြန်အာရုံစိုက်ဖို့ တိုးတိတ်စွာ မျှော်လင့်နေသည်။

ယဲ့ချင်းရန်က သူမအခန်းထဲရောက်တော့ ရေချိုးပြီး အိပ်ဖို့ ပြင်ချိန်မှာပဲ တစ်စုံတစ်ယောက်က တံခါးကို လာခေါက်သည်။

သူမတံခါးဖွင့်လိုက်တော့ အပြင်တွင် ယဲ့ချန်းဖုန်း မတ်တပ်ရပ်နေတာကို မြင်လိုက်ရသည့်အခါ သူမ အနည်းငယ်အံ့အားသင့်သွားသည်။ "အစ်ကိုသုံးလည်း ဒီနေ့ပြန်လာတာလား?"

ပုံမှန်ဆိုလျှင် ယဲ့ချန်းဖုန်းက တက္ကသိုလ်မှ အဆောင်တွင်သာ နေလေ့ရှိသည်။
ယဲ့ချန်းဖုန်းရဲ့ မျက်နှာက မည်းမှောင်သွားပြီး ညည်းတွားလာသည်။ "ပြီးခဲ့တဲ့နှစ်ရက်လုံး ငါ အိမ်မှာပဲနေနေတာ... ဒီနေ့လည်း မင်းထက်တောင် အစောကြီးပြန်လာတာ။ မင်းအဖေနဲ့ မင်းစကားပြောနေတော့ ငါဆိုဖာမှာထိုင်ပြီး ဂိမ်းကစားနေတယ်လေ"

ယဲ့ချင်းရန်က တခစ်ခစ်နှင့် ရယ်လိုက်သည်။ "ဆောရီး ကျွန်တော် အစ်ကို သုံးကို မမြင်လိုက်ဘူး"

သူမက ထပ်မေးလာသည်။ "နောက်တောင်ကျနေပြီကို ဘာကိစ္စလဲ?"

ယဲ့ချန်းဖုန်းက ချက်ချင်းပြန်မဖြေဘဲ အထဲပေးဝင်ဖို့ ယဲ့ချင်းရန်ကို လက်ဟန်ပြလိုက်သည်။

ယဲ့ချင်းရန်လည်း တံခါးကို ဖွင့်ကာ ဘေးတွင်ရပ်လိုက်ပြီး ယဲ့ချန်းဖုန်းအား အထဲ ပေးဝင်လိုက်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now