Chapter 153: Her Daily Teasing

8.1K 1.2K 16
                                    

UNICODE

ယဲ့ချင်းရန်၏ မျက်ဝန်းက မှေးကျဉ်းသွားသည်။ သူမပုံကြည့်ရတာ အရမ်းလေးနက်ဟန်ပေါ်ပေမယ့် တကယ်မှာတော့ သူမက ချူယန်ကို ကျီစယ်ဟန်ဖြင့် ကြည့်နေသည်။ ဒါက သူမရဲ့ နေ့စဉ်စနောက်မှုပင်။

ချူယန်က ရုတ်တရက်ပြုံးလိုက်သည်။ "ယောကျာ်းတစ်ယောက် ပေးပြီးသား မဟုတ်ဘူးလား?"

ယဲ့ချင်းရန်က လှည့်ဖျားတတ်သည့်အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ "ဒီတစ်ကြိမ် ယောကျာ်းတစ်ယောက်ရှာတာက ပြီးခဲ့တစ်ခေါက်နဲ့ မတူဘူး။ ကျွန်တော် ဘာလုပ်မလဲဆိုတာကိုတော့ အချိန်တစ်ခုပြီးရင်..... လျှို့ဝှက်ချက်ပဲ။ အစ်ကိုရော အစ်ကို့ကိုအစ်ကို ထောက်ခံမှုပေးချင်လား? အစ်ကိုဆိုရင်တော့ ကျွန်တော်ပြောပြမယ်"

"ဘာကိုလဲဆိုတာ အရင်ပြောရအောင်။ ပြီးမှ ငါ့ကိုယ်ငါ ထောက်ခံချက်ပေးသင့် မပေးသင့် ကြည့်မယ်"

ယဲ့ချင်းရန်က သနားစရာကောင်းအောင် သရုပ်ဆောင်လုပ်သည်။ "အစ်ကိုက ကျွန်တော့်ကို ထားခဲ့ဖို့ နှလုံးသားတောင် ရှိသွားပြီလား? ကျွန်တော့် အသုံးစရိတ်တွေစုပြီး မော်လီအိမ်တော်မှာ ယောကျာ်းတစ်ယောက်ရှာဖို့ သုံးရတော့မယ်"

"မင်းသရုပ်ဆောင်တာ လုံးဝညံ့တာပဲ"

"အာ... ဒီလိုဆို ပျော်စရာမကောင်းတော့ဘူးလေ။ နည်းနည်းလေးတော့ ပူးပေါင်းပြီး သဘောတူမှပေါ့"

ချူယန်က ပြုံးပြီး မေးလိုက်သည်။ "နွေဦးပွဲတော်က မကြာခင်ရောက်တော့မယ်။ နှစ်သစ်မှာ အိမ်ပြန်ခေါ်သွားဖို့ ယောကျာ်းတစ်ယောက် ငှါးချင်တာလို့တော့ ငါ့ကို မပြောနဲ့"

ယဲ့ချင်းရန် အံ့ဩသွားသည်။ "ယို အစ်ကို ဘယ်လိုသိတာလဲ? ကျွန်တော် တကယ် အိမ်ကို ယောကျာ်းတစ်ယောက် ခေါ်ပြန်သွားချင်တာ။ အဲဒါဆို မိန်းကလေးထက် ယောကျာ်းလေးကို ပိုတန်ဖိုးထားတဲ့ ကျွန်တော့်အဖေ နည်းနည်းစိတ်တိုသွားမယ်။ အရမ်းကြီးလည်း မဆိုးပေမယ့် နှလုံးအမောမဖောက်သရွေ့ အဆင်ပြေတယ်"

ရုပ်တည်ကြီးဖြင့် ပေါက်ကရတွေ ထိုင်ပြောနေသည့် သူမကို ချူယန်ကြည့်ရင်း သူ့မျက်နှာရှိ အပြုံးက ပိုပိုတောက်ပလာသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now