Chapter 10: Her Bet On The Top 100

11.3K 1.5K 16
                                    

UNICODE

ယဲ့ချင်းရန်က အေးစက်စွာပြန်မေးလိုက်သည်။ "အဲဒါကို ငါက ဘာလုပ်ပေးရမှာလဲ?"

"? ? ?"
မုချင်းရွဲ့ နည်းနည်းကြောင်သွားသည်။ ယဲ့ချင်းရန်က သူမကို အေးစက်စွာပြန်ဖြေလာမယ်လို့ သူမ မမျှော်လင့်ထားပေ။ "နင်... နင်မကြင်နာတတ်ဘူးလား?"

ယဲ့ချင်းရန်ကလည်း ပြန်မေးလိုက်သည်။ "နင်တို့ငါ့ကို အကွက်ဆင်တုန်းကကျတော့ ကြင်နာဖို့ ဘာလို့ မသိခဲ့တာလဲ? အပြစ်လုပ်တဲ့သူက ပြစ်ဒဏ်ခံရမှာပဲလေ. မဟုတ်ရင် အမှားသေးသေးလေးက အကြီးကြီးပြောင်းသွားနိုင်တယ်. ဒီနေ့မှာ နင်က ငါ့ကို အဓမ္မကြံစည်မှုနဲ့ အကွက်ဆင်ခဲ့တယ် တစ်နေ့မှာ နင်ငါ့ကို သတ်မယ်ဆို ဘယ်လို လုပ်မလဲ? ငါက သူမကောင်းဖို့အတွက်လုပ်တာပဲ.."

မုချင်းရွဲ့က ငိုတော့မယ့်ပုံစံဖြစ်သွားပြီး "ဂျင်းဂျင်းမိဘတွေအတွက် ဘယ်လောက်ခက်ခဲလဲ နင်သိလား? ဂျင်းဂျင်းအတွက် သူတို့..."

ယဲ့ချင်းရန်က ကြားဖြတ်ပြောလိုက်သည်။ "သူမမိဘတွေကိုသာ သူမတကယ်နားလည်တယ်ဆို စာကြိုးစားလေ... အမြင့်မှာရပ်ပြီး ငါ့ကို မဝေဖန်သင့်ဘူး... ဒီကိစ္စရဲ့နောက်ကွယ်မှာ နင်ရှိနေတယ်ဆိုတာ ငါမသိဘူးမထင်နဲ့"

မုချင်းရွဲ့က သူမ နားမလည်တဲ့ပုံစံနဲ့ လန့်သွားသည်။ "ဘာမဟုတ်တာတွေ နင်ပြောနေတာလဲ?"

ယဲ့ချင်းရန်က သူမကို ပြန်မဖြေဘဲ ဆက်ပြောလာသည်။ "ငါက အလှလေးတွေကို သဘောကျတတ်တဲ့သူ... မျက်နှာလေးလှဖို့ လိုရုံမကဘူး အသားအရည်လည်း လှရမယ်...ခါးသေးသေးနဲ့ခြေတံရှည်ရှည်လည်းရှိရမယ်...ဒါပေမယ့် နင်ကတော့..."

မုချင်းရွဲ့ကို ခေါင်းအစခြေအဆုံးကြည့်လိုက်တဲ့ သူမရဲ့အကြည့်မှာ ရွံရှာတဲ့ပုံစံကို မဖုံးကွယ်ခဲ့ပေ။ ပြီးတေတာ့ သူမခေါင်းခါပြီးတော့ လှည့်ထွက်သွားသည်။

မုချင်းရွဲ့က လက်သီးဆုပ်လိုက်ပြီး မျက်လုံးတွေနီရဲလာသည်။ သူမအော်လိုက်သည်။ "နင်ငါ့ကို ဘယ်လောက် စော်ကားစော်ကား ကိစ္စမရှိဘူး ဒါပေမယ့် ဂျင်းဂျင်းကိုတော့ နင်နာကျင်အောင်လုပ်တာ လက်မခံဘူး"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now