Chapter 92: She's Been Fantasized About!

8.3K 1.2K 84
                                    

UNICODE

ထိုအတွေးကြောင့် ချူရုန်ရုန် တုန်လှုပ်သွား၏။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ချက်ချင်းခေါင်းကိုခါလိုက်သည်။ မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်တာ

အဲ့ဒီလှည့်ဖျားတတ်တဲ့ယောကျာ်းက ဘယ်သူမဆို ဖြစ်နိုင်ပေမယ့် သူမအစ်ကိုကတော့ လုံးဝမဖြစ်နိုင်ဘူး။ သူမအစ်ကိုက အေးစက်ပြီး သီးသန့်ဆန်သည့်သူဖြစ်သည်။ ပြောရရင် ခြယ်လှယ်ရတာကို ကြိုက်တဲ့လူစားမျိုးဖြစ်သည်။ ဒီလိုမြူဆွယ်တတ်တာမျိုးကို ဘယ်လိုလုပ်ပြီး သူက လုပ်ရမှာလဲ? အလှဆုံးမိန်းမတွေက လှည့်စားတတ်ပြီး မရိုးသားတဲ့သူတွေဖြစ်တတ်တယ်လို့ ပြောစမှတ်ရှိကြတယ်...ဒါကလည်း ဒီလိုမျိုးပဲနေမည်ဖြစ်သည်။ ဒီကောင်မလေးနှစ်ယောက်က ခန့်ညားတဲ့အတွဲကို မြင်လိုက်ရချိန်မှာ သူတို့ရဲ့အတွေးတွေ အရိုင်းစိတ်ဝင်သွားရုံပဲနေမည်။

သို့သော်လည်း....

သူမရဲ့အစ်ကိုက အေးစက်ပြီးအထက်တန်းဆန်ပြီး အစ်ကိုရန်ကတော့ အရမ်းလှပြီးသိမ်မွေ့သည့်ဟန်ရှိသည်။ သူတို့နှစ်ယောက်ကိုတွဲလိုက်လျှင် အချစ်ဝတ္ထုတွေထဲ၌သာ တွေ့ရှိရတတ်သည့် ခန့်ညားတဲ့ ယောကျာ်းမျိုးတွေဖြစ်သည်။

အကြည့်တစ်ချက်နှင့်တင် ဒီနှစ်ယောက်က လိုက်ဖက်ညီသည်လို့ ဝန်ခံရမည်ဖြစ်သည်။ ထိုစားပွဲထိုးကောင်မလေးနှစ်ယောက်က အရမ်းတွေအတွေးလွန်တာ မထူးဆန်းတော့ပေ။

ချူရုန်ရုန် သူမခုံဆီပြန်ရောက်တော့ စားချင်စိတ်မရှိတော့ပေ။ သူမရဲ့အတွေးထဲတွင် ထိုစားပွဲထိုးကောင်မလေးနှစ်ယောက်ပြောသည့်စကားများ တဝဲလည်လည်ဖြစ်နေသည်။ ထိုတင်မက ရယ်စရာအခြေအနေတွေကိုတောင် သူမ စတွေးမိနေပြီသည်။

ဥပမာဆိုရလျှင် ယဲ့ချင်းရန်က ရုတ်တရက်ကြီး ခလုတ်တိုက်မိပြီး ချူယန်က လှမ်းဖက်လိုက်ကာ သူ့လက်မောင်းအတွင်း သူ့ကိုထိန်းထားရင်း တွယ်တာသည့်လေသံဖြင့် မေးလိုက်သည်။ "ခလုတ်တိုက်မိသွားတာလား"

သို့မဟုတ် ချူယန်က ယဲ့ချင်းရန်ရဲ့လက်ကို ရုတ်တရက်ဖမ်းဆွဲလိုက်ကာ သူ့ကို နံရံကိုမှီခိုင်းလိုက်ရင်း ပြင်းပြင်းရှရှ နမ်းလိုက်တာမျိုး...

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now