Chapter 146: She Takes Her Time to Play with the Female Protagonist

7.2K 1.1K 74
                                    

UNICODE

ယန်ကောင်းရဲ့ PR နည်းလမ်းက အရမ်းကို ကောင်းမွန်သည်။ မုချင်းရွဲနှင့် အတည်ပြုပြီးနောက် သူက ချက်ချင်းကို စတူဒီယိုကနေ ဖြေရှင်းချက်တစ်စောင်ထုတ်တော့သည်။

ပထမတော့ မုချင်းရွဲက ဒီအရေးကိစ္စမှာ ပါဝင်တာကို ငြင်းထားသည်။ သူက မုချင်းရွဲနှင့် ထိုယောကျာ်းတွေရဲ့ ဆက်ဆံရေးကို တစ်ခုချင်းစီရှင်းပြထားသည်။

နောက်ဆုံးအနေနှင့် ထို ကောလဟလဖြန့်သူနှင့် နောက်ကွယ်ကနေ အကွက်ဆင်သည့်သူတွေကို တရားနည်းလမ်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောထားသည်။

ထို့အပြင် သူက Marketing Account တွေနှင့် ရေတပ်ကိုပါ ငှါးပြီး မုချင်းရွဲကို ဆွဲဆောင်မှုရှိသည့် နတ်ဘုရားဆိုတဲ့ ပုံရိပ်ကိုပါ ဖန်တီးလိုက်သည်။

ပုံထဲရှိလူတွေက မုချင်းရွဲကို ပိုးပန်းနေသည့်သူတွေလို့ ဖော်ပြထားသည်။ သူမက မကြာခင်အချိန်က ရုပ်ရှင်တစ်ကားမှာ အဓိကဇာတ်ကောင်နေရာရထားသည့်အတွက် ပြိုင်ဘက်တွေရဲ့ အပုတ်ချမှုကို ခံရတာပါ ဖြစ်ကြောင်းပြောထားသေးသည်။

စစ်ဆင်ရေးလို အတွဲလိုက် လုပ်ဆောင်ပြီးနောက်မှာတော့ သူမကိုယ်သူမ ပြန်ရှင်းလင်းသွားအောင် လုပ်ဆောင်လိုက်နိုင်သည်။

Netizen တွေရဲ့ အာရုံစိုက်မှုကိုပါ အောင်မြင်စွာ ဆွဲဆောင်နိုင်ရုံသာမက မုချင်းရွဲ ပိုပြီး နာမည်ရသွားပြီး ပရိတ်သတ်တွေပါ ရသွားအောင် သူ ကူညီပေးလိုက်နိုင်သည်။

မုချင်းရွဲရဲ့ PR နည်းလမ်းဟာ လူတိုင်းကို အရူးလောက်နိုင်သည်အထိ အကွက်ကျတယ်လို့ ပြောသည့်သူတွေလည်းရှိသည်။ ဒီမုချင်းရွဲက သေချာပေါက် ဖောက်ပြားတာဖြစ်ပေမယ့် ဒီတိုင်း အပိုချဲ့ကားထားတာ မဖြစ်နိုင်ဘူးဖြစ်သည်။ သို့သော်လည်း အဲ့လိုဆိုရင်တောင် မုချင်းရွဲ၏ ယောကျာ်းလေးပရိတ်သတ်တွေကို ဆွဲဆောင်မှုလှိုင်းလုံးကြီးကို မတားဆီးနိုင်ကြပေ။

Netizens အများအပြားကတော့ ယန်ကောင်းရဲ့ PR နည်းဗျူဟာက ဒီနှစ်အတွက် အကောင်းဆုံးအဖြစ်ဆုံးလို့တောင် ပြောကြသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now