Chapter 167: The Brightest Bulb

7.1K 1K 14
                                    

UNICODE

နေ့လည်စာစားပြီးနောက် ချူယန်က သူတို့ ဘယ်သွားဆော့ချင်လဲဆိုပြီး မေးလိုက်သည်။ ချူရုန်ရုန်က ချက်ချင်းပဲ လက်မြှောက်ပြလိုက်သည်။ "ညီမလေး ကစားကွင်းသွားချင်တယ်။ ရိုရာကိုစတာစီးမယ် Drop Tower စီးမယ် ပင်လယ်ဓားပြလှေ စီးမယ်။ သိပ္ပံနဲ့နည်းပညာ ပြတိုက်ကိုလည်း သွားလည်ချင်တယ်"

ချူယန်က ဂရုမစိုက်ဟန်ပြန်ဖြေလာသည်။ "ကစားကွင်းတို့ ဈေးဝယ်ထွက်တာတို့က မင်းအတန်းဖော်တွေနဲ့ပဲ သွားသင့်တာ"

ချူရုန်ရုန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့ အဲဒါကြောင့် ညီမလေးက ကိုကြီးကို အဖော်လိုက်ပေးဖို့ ပြောတာ။ ကိုကြီးက ညီမလေးတို့ကို ကစားကွင်းအပေါက်ဝထိ လိုက်ပို့ပေးလို့ရတယ်။ ညီမလေးတို့ဘာသာ ကစားပြီး ကိုကြီး အလုပ်ကို မနှောင့်ယှက်ဘူး"

ချူယန် "..."

သူက ချူရုန်ရုန်ကို ခဏလောက်စိုက်ကြည့်နေသည်။ ပြီးနောက် အလေးအနက်ဖြစ်သွားသည့်ပုံပေါ်သွားသည်။ "ရိုလာကိုစတာ၊ Drop Tower နဲ့ ပင်လယ်ဓားပြလှေ အဲဒါတွေအကုန်လုံးက အန္တရာယ်များတဲ့ ကစားနည်းတွေ။ အဲဒါတွေကို မစီးသင့်ဘူး"

သူမအစ်ကိုက မပျော်နေဘူးဆို ချူရုန်ရုန် ခံစားမိသည်။ သို့ပေမယ့် သူက ဘာလို့ မပျော်လဲဆိုတာ သူမ နားမလည်နိုင်ပေ။ သူမက ပြုံးကာ နူးညံ့ပြီး ချစ်ဖို့ကောင်းသည့် အသံဖြင့် စကားစပြောလာသည်။ "ကိုကြီး~~"

ချူယန်က သူမကို အဖက်မလုပ်ပေ။ "..."

ချူရုန်ရုန်က ထပ်ခေါ်လာသည်။ "ကိုကြီးလို့~~~"

သူမရဲ့ အပြုအမူတွေက ချစ်ဖို့ကောင်းလွန်းလို့ ယဲ့ချင်းရန်က သူမအရိုးတွေ ပျော့ခွေကုန်တော့မလိုပါ ခံစားလိုက်ရသည်။

ချူရုန်ရုန်က သူမကို ဒီလိုသာပြောရင် ဟိုးအစောကြီးထဲက သူမ သဘောတူလိုက်ပြီ။

သို့ပေမယ့် ချူယန်က တုပ်တုပ်မျှ မလှုပ်ပေ။ သူက ရိုးရှင်းစွာသာ ပြောလာသည်။ "မြို့တော်က ကျင်းမြို့တော်လိုမဟုတ်ဘူး။ ရာသီဉတုက အရမ်းအေးနေတာ။ ဘယ်သူမှ ကစားကွင်းမှာ သွားမကစားဘူး။ နွေရာသီပိတ်ရက်မှ ပြန်လာ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now