Chapter 138: Her Personal Wake-up Alarm

7.5K 1.1K 32
                                    

UNICODE

လရောင်က မျက်နှာကျက်ကနေ ကြမ်းပြင်အထိသို့ ဖြာကျနေတာက တောက်ပပြီး ထိုးထွင်းမြင်ရသည့် အခန်းလိုပင်။

တိတ်ဆိတ်သည့် လေထုထဲတွင် ခြေသံခပ်ဖျော့ဖျော့က အကျယ်ကြီးထွက်နေသည်။

ယဲ့ချင်းရန်က တံခါးကို တွန်းဖွင့်လိုက်တော့ စာကြည့်ခန်းထဲတွင် ထိုင်နေသည့် ချူယန်ကို တွေ့လိုက်သည်။ သူ့ရှေ့ရှိ စားပွဲပေါ်တွင် သေချာစနစ်တကျထပ်ထားသည့် စာရွက်စာတမ်းတွေရှိနေသည်။

သူမကို မြင်တဲ့အချိန်မှာ ချူယန်က သာမန်ပဲ ပြောလာသည်။ "ပြန်လာပြီလား?"

"အံ့လည်း မအံ့ဩဘူး"

စာမေးပွဲရက်အတွင်း သူမက ယဲ့မိသားစုအိမ်မှာ နေမယ်လို့ ချူယန်ကို ပြောထားခဲ့သည်။

ချူယန်က စာရွက်စာတမ်းအနည်းငယ်ကို ရှေ့သို့ တွန်းပို့လိုက်သည်။

"မင်း အိမ်ပြန်ရောက်တာနဲ့ ယဲ့မိသားစုအခြေအနေကို မင်းသိမှာလေ။ အဲ့ဒီတော့ ဒီစာရွက်စာတမ်းတွေကို မင်းလိုချင်လိမ့်မယ်"

ယဲ့ချင်းရန်က ခေတ္တမျှ ကြောင်အသွားသည်။ အကောက်ကြံလှည့်ဖျားနိုင်တဲ့သူဆိုတာ လုံးဝမရှိဘူးလေ။

သူမအဖိုးက သူမကို သင်ပြခဲ့သည်။ သူမ ပထမဆုံးခြေလှမ်းလှမ်းတာနှင့် နောက်ဆယ်လှမ်းအတွက်ကိုပါ စဉ်းစားရမည်ဖြစ်သည်။ ချူယန်ဆိုသည့်သူကတော့ တစ်ကြိမ်တိုင်းကို ခြေလှမ်းအလှမ်းနှစ်ဆယ်လောက် လှမ်းနိုင်သည့်သူဖြစ်လိမ့်မည်ဟု သူမခံစားမိသည်။

"ကျေးဇူး အစ်ကို"

သူမက စာရွက်အထပ်လိုက်ကို ယူလိုက်သည်။

ချူယန်က သူမကို ကြည့်လိုက်သည်။ "အဲ့စာရွက်တွေကို ဒီမှာပဲ မကြည့်ဘူးလား?"

ယဲ့ချင်းရန်က လက်ဝှေ့ယမ်းပြလိုက်သည်။ "ကျွန်တော့်အခန်းကိုပြန်ပြီးတော့ပဲ အေးဆေးကြည့်တော့မယ်"

ချူယန်က သူမနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေရင် သူမ ဘယ်လိုလုပ် အာရုံစိုက်နိုင်မှာလဲ? တစ်နာရီနှင့် ပြီးမည့်ဟာကို လေးနာရီလောက် အချိန်ယူသွားရလိမ့်မည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now