Chapter 62: She Offers Herself to Repay His Kindness

9.1K 1.4K 105
                                    

UNICODE

မနက်ခင်းနေရောင်ခြည်က ခန်းစီးထူထူတွေရဲ့ကြားထဲကနေ ဖြာကျလာသည်။ ယဲ့ချင်းရန်နိုးလာပြီး သူမလက်ထဲမှာ စောင်ကိုပိုက်ကာ တစ်ဖက်သို့လှည့်လိုက်သည်။ သူမ အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်သည်။ သူမ မှတ်ဉာဏ်တွေ ပြန်မဝင်လာခင်အထိ မျက်နှာကျက်ကို အကြာကြီး ငေးစိုက်ကြည့်နေမိသည်။ မနေ့ညက ဖြစ်သွားသည့်အရာတွေကို တဖြည်းဖြည်းချင်း စဉ်းစားနေသည်။

ဗိုက်နာတယ်ဆိုတာက ပုံမှန်ပဲလေနော်... ချူယန် သံသယမဝင်လောက်ဘူး မဟုတ်လား?

သူမထရပ်ပြီး သွားတိုက် ကိုယ်လက်ဆေးကြောပြီးနောက် အောက်ထပ်သို့ ပွနေသည့်ဆံပင်ဖြင့် ဆင်းသွားသည်။ ချူယန်က နိုးနေပြီဖြစ်ကာ ထမင်းစားပွဲ၌ မနက်စာတောင်စားနေပြီဖြစ်သည်။

ယဲ့ချင်းရန်က သူနဲ့မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ပြီးနောက် စားပွဲပေါ်သို့ ခေါင်းတင်ထားလိုက်သည်။

"အစ်ကို ကျွန်တော့်မိဘအနေနဲ့ဟန်ဆောင်ပြီး ကျောင်းကို ခွင့်တိုင်ပေးပါလား.. ဒီနေ့ ကျောင်းမသွားချင်ဘူး"

"နေလို့မကောင်းသေးဘူးလား" ချူယန်၏မျက်နှာက ဖတ်လို့မရပေ။

"နုံးနေတာ... မအီမသာလည်းဖြစ်နေတယ်.. နောက်တစ်ခါ အစာစားတဲ့အခါကျ ကျွန်တော်ပိုသတိထားလိုက်ပါ့မယ်" ယဲ့ချင်းရန်က စားပွဲပေါ်ခေါင်းတင်ပြီး လှဲနေရင်း မနေ့ညက ဖြစ်ခဲ့သည့်အရာများကို ကြိုးစား၍ရှင်းပြနေသည်။

သူမကို ကြည့်နေသည့် ချူယန်၏မျက်ဝန်းတွေကို ဖတ်ကြည့်လို့မရဖြစ်နေသည်။ ဖြည်းညင်းစွာ သူက ပြောလာသည်။

"မနက်စာမစားခင် ရေနွေးနွေးလေးအရင်သောက်"

ပြောပြီးသည်နှင့် ရေနွေးတစ်ခွက်ငှဲ့ပေးပြီး သူမရှေ့တွင် ချပေးလိုက်သည်။

ယဲ့ချင်းရန်က ခွက်ကိုယူကာ မသောက်ချင်သောက်ချင်ဖြင့် တစ်ငုံသောက်ပြီး ပြောလိုက်သည်။

"ကျေးဇူးပါအစ်ကို မနေ့ညက ဆေးထွက်ဝယ်ပေးတာအတွက်ရော"

ချူယန်က သာမန်ကာလျှံကာမေးလိုက်သည်။ "ငါ့ကို ဘယ်လိုကျေးဇူးတင်ချင်တာလဲ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now