Chapter 25: She Discovered That She Was Being Spied On

10K 1.2K 52
                                    

တုန်ဖန်းယွီက စိတ်အခြေအနေမကောင်းဖြစ်နေပြီဖြစ်သည်။ ကဒ်ပေါ်တွင် နောက်ဆုံး ဝိုင်ရဲ့ နာမည်နဲ့ ခုနှစ်ကို ချရေးလိုက်သည်။ ရန်သူရဲ့အကြောင်းကို သိမှသာ တိုက်ပွဲတိုင်းကို နိုင်မည်ဟု သူ့အဖေပြောခဲ့ဖူးသည်။ အရင်က ယဲ့ချင်းရန်ကို လျှော့တွက်ခဲ့မိလို့ အခု သူတွက်တာ မှားသွားတာဖြစ်သည်။ ဒီအလောင်းအစားကို သူနိုင်မယ်လို့ထင်ထားခဲ့တာ အခုတော့ ၅၀-၅၀ ဖြစ်နေပြီဖြစ်သည်။ ချင်းရွဲကို ယဲ့ချင်းရန်တောင်းပန်ဖို့ နောက်ထပ်နည်းလမ်းစဉ်းစားမှ ဖြစ်တော့မည်။

"ငါးခုမြောက် ဝိုင်အတွက်တော့ နှစ်ယောက်က အဖြေနှစ်မျိုး ရေးထားပါတယ်"

ဝိုင်စမ်းသပ်သူရဲ့အသံကို ကြားလိုက်ရတော့ တုန်ဖန်းယွီက ချက်ချင်းကိုမျက်လုံးလှန်ကြည့်လိုက်သည်။ "အဖြေကမတူဘူး?"

သူ့အဖြေမမှားဘူးဆိုတာကတော့ သူ ၁၀၀% ယုံကြည်သည်။ အဖြေမှားတဲ့သူက ယဲ့ချင်းရန်ပဲ ဖြစ်လိမ့်မည်။ အပျော်က ချက်ချင်းကို ဝင်ရောက်လာသည်။ သူပြုံးလိုက်ပြီး "ယဲ့ချင်းရန် မင်းရှုံးပြီ...ချင်းရွဲကို အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်တော့"

ယဲ့ချင်းရန်က ထူးမခြားတဲ့ပုံစံနဲ့ သူ့ကိုကြည့်လိုက်သည်။ "ငါရှုံးတယ်လို့ မင်းကို ဘယ်သူပြောလဲ"

တုန်ဖန်းယွီက ယုံကြည်မှု အပြည့်ဖြင့် "2006 Citran မှားစရာအကြောင်းမရှိဘူး... မင်းအဖြေက ငါနဲ့မတူဘူးဆိုတော့ သေချာပေါက်မင်းရှုံးတာပဲ"

ယဲ့ချင်းရန်က "ငါးခုမြောက်ဝိုင်က 2006 Citran ဆိုတာ အမှန်ပဲ ဒါပေမယ့် 2006 Citran ကြီးပဲမဟုတ်ဘူး... နောက်ထပ်တစ်ခုရောထားသေးတယ်... ပမာဏနည်းနည်းလေးပဲရောထားလို့ အရောင် အနံ့အရသာကိုပဲကြည့်ပြီး ခွဲခြားမယ်ဆိုရင်တော့ မလွယ်ဘူး... ဒါပေမယ့် ဒီဝိုင်နှစ်ခုမှာ သုံးထားတဲ့ စပျစ်သီးက မတူဘူး...အဲဒါကြောင့် အသီးအနှစ်အရသာကနေပဲ ခွဲလို့ရတယ်... နောက်ထပ်ဝိုင်တစ်ခုက 1999 Cotswolds ပဲ"
(T/N : အသီးအနှစ်အရသာဆိုတဲ့နေရာကို ရွှီးချထားပါတယ် သေချာနားမလည်လို့ 😁)

သူမပြောပြီးသည်နှင့် ဝိုင်စမ်းသူဘက် လှည့်ကြည့်ပြီး မေးလိုက်သည် "ကျွန်တော်မှန်တယ်မဟုတ်လား"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now