Chapter 20: Her Lousy Father

10.6K 1.3K 31
                                    

မှန်ပြတင်းပေါက်ကနေ ရွှေရောင်တောက်ပနေသည့် နေရောင်ခြည်က ယဲ့ corporation ရဲ့ အစည်းအဝေးအခန်းထဲသို့ ဖြာကျနေသည်။ ယဲ့လုပ်ငန်းစုနဲ့မော့မိသားစုသည် အမြဲလိုလို ပြိုင်ဘက်တွေဖြစ်ခဲ့သည်။ အခုတော့ အိမ်ယာလုပ်ငန်းစု Project အတွက် သူတို့မှာ ဘုံရန်သူရှိနေသောကြောင့် အကျိုးတူပေါင်းဖက်ဖို့ ပါတနာတွေဖြစ်လာသည်။ အစည်းအဝေးပြီးဆုံးသည့်နောက်မှာတော့ မော့လုပ်ငန်းစုရဲ့ ဥက္ကဌဖြစ်သူ မော့ရှောင်က ချက်ချင်းမပြန်သွားပေ။ သူက ယဲ့ကျွင်းရဲ့ရုံးခန်းထဲလိုက်သွားပြီး အပြုံးနှင့်ပြောလိုက်သည်။ "အို ယဲ့အဖိုးကြီး မင်းရဲ့မိသားစု အခုတလော ဘယ်လိုလဲ?"

မော့ရှောင်းနဲ့ ယဲ့ကျွင်းသည် နှစ်ပေါင်းများစွာ ပြိုင်ဘက်တွေဖြစ်ခဲ့တာဖြစ်သည်။ စီးပွါးရေးလောကတွင်သာမက သားသမီးတွေကြားမှာပါ ပြိုင်ဆိုင်မှုတွေရှိခဲ့တာဖြစ်သည်။

သားလေးယောက်ရှိသည့် ယဲ့ကျွင်းက သမီး သုံးယောက်ရှိသည့် မော့ရှောင်းကို အကျိုးမဖြစ်ဘူးဆိုပြီး အမြဲ ရယ်မောခဲ့သည်။ သမီး သုံးယောက်ရှိသည့် မော့ရှောင်းက သားလေးယောက်ရှိသည့် ယဲ့ကျွင်းကို အကြွေးလာယူသည့်သူတွေဆိုပြီး ရယ်မောခဲ့သည်။ ယဲ့ချင်းရန်ရဲ့ အဓမ္မကြံစည်မှုကိစ္စကို မော့ရှောင်းကြားတုန်းကဆို ယဲ့ကျွင်းဆီပြေးသွားပြီး အရူးလိုဖြစ်နေတဲ့ပုံစံကို ကြည့်ချင်ခဲ့တာဖြစ်သည်။

ဒီနေ့ကတော့ အခွင့်အရေးကောင်းဖြစ်နေတော့ ဒီတိုင်း လွှတ်မပေးဘဲ ယဲ့ကျွင်းကို လှောင်ချင်တာဖြစ်သည်။

သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ တိုက်ခိုက်လာတဲ့သူတွေဖြစ်သည့်အတွက် ယဲ့ကျွင်းက အကြည့်တစ်ချက်နဲ့တင် မော့ရှောင်း ဘာတွေးနေလဲဆိုတာ ပြောနိုင်သည်။ သူက အေးစက်စွာရယ်လိုက်သည်။ "မင်းအခုထိ ဒီမှာ ဘာလုပ်နေသေးတာလဲ? သွားပြီး ရန်ပုံငွေတွေပြင်ဆင်တော့လေ... ဒီတစ်ခေါက် ငါတို့ပြိုင်ဘက်က မြို့တော်က မိသားစု နှစ်ခုဆိုတာ မင်းသိသင့်တယ်... ငါတို့မရှုံးဖို့အတွက် ခက်ခက်ခဲခဲလုပ်ရမှာ"

မော့ရှောင်းက အဲ့စကားတွေကို မကြားလိုက်သလို ဟန်ဆောင်လိုက်သည်။ သူကဆက်ပြီးတော့ပြောနေသည်။ "ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မင်းရဲ့သားငယ်လေးက ကောင်မလေးတစ်ယောက်ကို အဓမ္မကျင့်တယ်ဆို.. စိတ်တိုလွန်းလို့ ဆေးရုံတောင်ရောက်သွားတယ်ဆို... ကျွတ်ကျွတ်ကျွတ် သားအများကြီးရှိတာ ဘာလုပ်လို့ရလဲ သူတို့တွေက အကြွေးလာတောင်းတဲ့သူတွေပဲ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now