Chapter 128: Her First Girlfriend

8.7K 1.2K 25
                                    

UNICODE

အလင်းရောင်က မှိန်ဖျဖျ မိုးစက်တွေက ကားပြတင်းပေါက်ကို ညင်သာစွာ ပတ်ဖျန်းနေသလို ရုပ်ရှင်ကလည်း ပြင်းရှသည့် အချစ်ဇာတ်လမ်းဖြစ်နေသည်။ အေးစက်နေသည့် ကားဟာ ရုတ်ချည်း ပူလောင်လာသည်။

ချူယန်ရဲ့ မျက်ဝန်းနက်ထဲ နစ်မြုပ်တော့မလိုဖြစ်နေသည်ဟု ယဲ့ချင်းရန် ခံစားရသည်။ သူမရဲ့ နှလုံးသားခုန်နှုန်းက မြန်သထက် မြန်လာသည်။ မျက်တောင်ခတ်လိုက်ရင်း သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်ပြီး လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ "ကျေး...ဇူး..."

ထိုအချိန်မှာပဲ သူမဖုန်းက မြည်သံထွက်လာကာ စိုးရိမ်ဖွယ်ရာကောင်းသည့် လေထုက ငြိမ်သက်သွားသည်။

ချူယန်က နောက်ဆုတ်လိုက်ပြီး ပိတ်ကားချပ်က ရုပ်ရှင်ကို ပြန်ကြည့်လိုက်သည်။ သူ့အမူအရာက ပုံမှန်ထက် မထူးခြားပေမယ့်လည်း သူ့နားရွက်တွေက မသိမသာ နီရဲနေသည်။

ယဲ့ချင်းရန်က ခေါ်ဆိုသူကို ကြည့်လိုက်တော့ လင်းရှုအာဖြစ်နေသည်။ သူမက ဖုန်းဖြေလိုက်ချိန်မှာတော့ လင်းရှုအာရဲ့ စိုးရိမ်နေသည့်အသံက ထွက်လာသည်။ "ချင်းရန် ဒီည အိမ်ပြန်လာမှာလား?"

"ဒီနေ့ည ကျွန်တော် အိမ်ပြန်မလာဘူး။ အဖေက ကျွန်တော့်ကို တွန်းအားပေးဖို့ အမေ့ကိုပြောပြန်တာလား?"

"အဖေ့ကို စိတ်မဆိုးပါနဲ့ သူက သားအတွက် စိတ်ပူရုံပါ"

"ဒီနေ့က ကျွန်တော့်မွေးနေ့... ကျွန်တော့်သူငယ်ချင်းတွေနဲ့ ပွဲလုပ်မှာ... သူ့ကိုပြောလိုက် မနက်ဖြန်မှ ပြန်လာမယ်လို့"

လင်းရှုအာက တစ်ခုခုကို ပြောချင်ပေမယ့်လည်း ခဏလောက်တုန့်ဆိုင်းပြီးတော့မှ အလာပဿလာပစကား အနည်းငယ်သာ ပြောတော့သည်။ နောက်ဆုံးတော့ သူမ ဘာမှ ထပ်မပြောတော့ဘဲ ယဲ့ချင်းရန်ဖြင့် စကားအဆုံးသတ်လိုက်သည်။ လင်းရှုအာ ဘာကို စိတ်ပူနေလည်းဆိုတာ ယဲ့ချင်းရန် သိသည်။ ဒါပေမယ့်လည်း စိတ်ပူတာက အသုံးမဝင်ဘူး။

သူမက မိန်းကလေးဆိုတာကို ယဲ့ကျွင်းက အနှေးနှင့်အမြန် သိသွားမှာပဲဖြစ်သည်။ ဘယ်လို ဖုံးကွယ်ရမလဲဆိုတာ စဉ်းစားနေတာထက် တိုက်ရိုက်ဝန်ခံလိုက်တာက ပိုကောင်းသည်။ ယဲ့ကျွင်းမှာ သားမရှိတာလည်း မဟုတ်ပေ။ သူ့မှာ သား သုံးယောက်တောင်ရှိသည်။ လေးယောက်မြောက်က သားဟုတ်လား မဟုတ်လားဆိုတာ အဲ့လောက် အရေးကြီးလို့လား? သူမက သားယောကျာ်းလေး မဟုတ်တာကို သိသွားချိန်မှာ ယဲ့ကျွင်းက စိတ်ဆိုးမှာကို စိုးရိမ်နေမည့်အစား ယဲ့ကျွင်းကို တစ်ချိန်လုံးလိမ်ထားတာကို သူသိသွားပြီးရင် ယဲ့ကျွင်းကို ဘယ်လိုချော့ရမလဲဆိုတာ စိုးရိမ်နေတာက ပိုမကောင်းဘူးလား။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now