Chapter 45: She Was Secretly Photographed

9.3K 1.3K 172
                                    

UNICODE

ရာစုနှစ်တော်ဝင်သစ်တောဟာ ကျင်းမြို့တော်တွင် နာမည်ကြီးသည့် ဈေးအကြီးဆုံးလူနေအိမ်ယာဖြစ်သည်။ ဒီနေရာတွင် ချမ်းသာသည့် စီးပွါးရေးသမားများနှင့် အထက်တန်းလွှာများ နေထိုင်သည့်နေရာဖြစ်သည်။ ဒီနေရာမှာနေသည့် ထိုသူတွေဟာ အရေးပါသည့်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ချူဂေဟာလိုပင် ချောင်ကျတယ်လို့ထင်ရပေမယ့် ဒီအိမ်ယာရဲ့ စီမံခန့်ခွဲမှုတွေက အရမ်းစည်းကမ်းတင်းကြပ်သည်။ လုံခြုံရေးလည်း အရမ်းတင်းကြပ်သည်။ ယဲ့ချင်းရန်က သူမရှေ့ရှိ Villa ကိုကြည့်ရင်း အနည်းငယ်ရှုပ်ထွေးနေသည်။

ချူယန်က အခန်းတစ်ခန်းနှင့် ဧည့်ခန်းပါသည့် တိုက်ခန်းကို ငှားပေးမယ်လို့ သူမတွေးထားတာဖြစ်သည်။ ဒီလိုအထက်တန်းလွှာတွေနေသည့် အဆင်မြင့်အိမ်ယာက Villa ကို ပြောင်းလာရမယ်လို့ တစ်ခါလေးတောင်မှ မတွေးထားပေ.... ဒါပေမယ့် ဒီနေရာက ကျောင်းနှင့် အနည်းငယ်ဝေးကွာသည်။ ကျောင်းသွားဖို့ကို ထနေကျအချိန်ထက် တစ်နာရီစောပြီး ထရတော့မည်။

Villa ထဲသို့ ချူယန်နောက်ကနေလိုက်ဝင်သွားတော့ အခန်းထဲတွင် လူနေထားသည့် အရိပ်အယောင်များကို တွေ့ရသည်။ မနေနိုင်တော့ဘဲ ထမေးတော့သည်။

"အစ်ကို့အိမ်လား"

"အဲ့လိုပြောလို့ရတယ်...တစ်ခါတစ်လေ ငါဒီမှာနေတယ်" ယဲ့ချင်းရန်အတွက် တိုက်ခန်းငှားပေးဖို့ သူမတွေးခဲ့တာမဟုတ်... အပြင်မှာ တစ်ယောက်ထဲနေတာက အရမ်းကို အန္တရာယ်များသည်။ အဲဒါကြောင့် ဒီမှာနေဖို့အတွက် သူစီစဉ်လိုက်တာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်က လွတ်နေတာပဲလေ

"အစ်ကိုပြောတာက အိမ်မပြန်လာတဲ့အခါတွေဆို ဒီမှာပဲ အမြဲနေတယ်ပေါ့"

"မနေဘူး"

"အို (1)ပါးနပ်တဲ့ယုန်တစ်ကောင်မှာ မြေတွင်း သုံးပေါက်ရှိတာများလား" ယဲ့ချင်းက စလိုက်သည်။

"ဒီတိုင်းအဆင်ပြေလို့" ချူယန်က ယဲ့ချင်းရန်ခေါင်းကို ခေါက်ထည့်လိုက်သည်။

"တစ်နေကုန် မင်းဘာတွေ စဉ်းစားနေတာလဲ"

ယဲ့ချင်းရန်က ခေါင်းခါပြီး သူ့ကို မျက်နှာသာပေးဖို့သာလုပ်လိုက်သည်။ ပြီးနောက် အိမ်ကို လှည့်ပတ်ကြည့်တော့သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now