Chapter 139: She Failed Miserably

6.9K 1K 29
                                    

UNICODE

ယဲ့ချင်းရန်က ထိုကျောင်းသားထံ မိုက်ပေးလိုက်ချိန်မှာ သူမအကြည့်ကို ဖမ်းမိသွားသည်။ ထိုကျောင်းသူက သူမတို့အတန်းထဲက နင်းယန်ရှန်းဖြစ်သည်။

သူတို့က အတန်းတူပေမယ့်လည်း သူတို့အချင်းချင်းတော့ သေချာမသိကြပေ။ သူမလည်း မူလကိုယ်ပိုင်ရှင်လိုပင်။ အချင်းချင်းစကားပြောတာရှားသည်။

သို့သော်လည်း သူမက ကြည့်နေလို့ ယဲ့ချင်းရန်က ပြုံးပြလိုက်သည်။

နင်းယန်ရှန်းက ယဲ့ချင်းရန် သူမကို ပြုံးပြတာလည်း မြင်ရော ချက်ချင်းရှက်သည့်ဟန်ဖြင့် ခေါင်းကို လွှဲလိုက်သည်။ သူမ မျက်နှာတင်မက နားရွက်တွေပါ နီရဲလာသည်။

ယဲ့ချင်းရန် "..."

ဟမ်? မိန်းကလေးတွေနှင့် ပရောပရီလုပ်တယ်လို့ ထင်သွားတာလား? ဒီနင်းယန်ရှန်းက သူမကို သဘောကျနေတာလား?

ခဏလောက်တွေးပြီးနောက် သူမက ဒီကျောင်းသူအပေါ် ဘာထင်မြင်ချက်မှမရှိပေ။ အခုတစ်ခေါက်က မျက်နှာချင်းဆိုင်တာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမရုပ်ကြောင့်များလားပဲ

ယဲ့ချင်းရန်က သူမဘေးက ကျီရှားကို ကြည့်လိုက်သည်။ သူမ သီချင်းဆိုလို့လည်းပြီးရော သူမကို အသီးဖျော်ရည်တစ်ခွက် ကမ်းပေးလိုက်သည်။ "အသံကောင်းသားပဲ။ မင်း ဒီဇိုင်နာမဟုတ်ဘဲ အဆိုတော်လုပ်ရမှာ"

ကျီရှားက တခစ်ခစ်ဖြင့် ရယ်လိုက်သည်။ မိန်းကလေးအုပ်စုထဲမှာ ယဲ့ချင်းရန်က ပေါ်ပြူလာဖြစ်သလိုပင် ကျီရှားကလည်း ယောကျာ်းလေးအုပ်စုထဲမှာ ပေါ်ပြူလာဖြစ်သည်။

တစ်ချို့ကျောင်းသားတွေက သူမကို အချစ်သီချင်းစုံတွဲဆိုဖို့ ဖိတ်ကြသည်။ ကျီရှားက တစ်ပုဒ်သာဆိုပြီး အခွင့်အရေးကို တခြားကျောင်းသူတွေထံပေးလိုက်သည်။

ဘယ်သူကမှ မိုက်ကို မောင်ပိုင်မစီးထားကြဘဲ တစ်ယောက်တစ်လှည့်စီ ဆိုကြသည်။

သူတို့က အတန်းထဲမှာ မိုက်ဘုရင် ရွေးမယ်လို့ ပြောပေမယ့်လည်း တစ်ယောက်မှ အဆင့်မသတ်မှတ်နေကြပေ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now