Chapter 136: She Likes Chu Yan..

7.6K 1.2K 48
                                    

UNICODE

ငါအမြဲ အိပ်မက်မက်နေရတဲ့ ယောကျာ်းက ငါ့ကို ရုတ်တရက်ကြီးဖက်လာရင် ဘယ်လိုလုပ်သင့်လဲ? ငါ စိတ်လှုပ်ရှားစွာနှင့် Online မှာ စောင့်နေပါတယ်။

မြတ်စွာဘုရား... ငါ့နှလုံးသားတစ်ခုလုံး ပျားရည်ထဲ နှစ်မြုပ်နေသလိုပဲ။ ချိုမြိန်ပြီး နူးညံ့လိုက်တာ။ ငါ့ကိုယ်ကလည်း ဓာတ်လိုက်ခံထားရသလိုပဲ တစ်ကိုယ်လုံး နူးညံ့ပြီး ထုံကျဉ်နေတယ်။

ယဲ့ချင်းရန် မြေကြီးပေါ် အမြစ်တွယ်နေသလို ရပ်နေသည်။ သူမ၏ ထိရှလွယ်သည့် စိတ်က ရုတ်တရက်ကြီး အေးခဲနေပြီးတော့ ဟင်းလင်းပြင်ကြီးထဲ ကျသွားသလို ဖြစ်နေသည်။

သူမရဲ့ နှလုံးသားထဲတွင် ဒီစကားကိုသာ ထပ်ခါတလဲလဲ မေးမြန်းနေသည်။ 'ငါ ဘာလုပ်သင့်လဲ? ငါ ဘာလုပ်သင့်လဲ?'

သူမ အသိပြန်ဝင်လာချိန်မှာတော့ ချူယန်က သူမကို လွှတ်ပေးလိုက်ပြီဖြစ်သည်။

ယဲ့ချင်းရန်က မျက်လုံးပင့်ပြီး သူ့ကို ကြည့်လိုက်သည်။ သူမရဲ့အတွေးတွေအတိုင်း သူမမျက်လုံးတွေက လှည့်ပတ်နေသည်။ 'အစ်ကိုတစ်ယောက်အနေနဲ့ ဖက်တာလား? သူငယ်ချင်းတစ်ယောက်အနေနဲ့ ဖက်တာလား? လူကြီးကနေ အငယ်တစ်ယောက်ကို ဖက်တာလား?'

သူမ သူ့ကို တိုက်ရိုက်ပဲ မေးလိုက်သင့်လား? အရမ်းတိုက်ရိုက်ဖြစ်နေရင်ရော သူ့ကို လန့်သွားစေမှာလား?

ဒါပေမယ့် သူက သူမကို တိုက်ရိုက်ဖက်တာလေ။ ပြောချင်းပြော သူကတောင် ပိုပြီး တိုက်ရိုက်ဆန်သေးတယ်။ သူက ဘာကိုမှ မခံစားရဘူးဆိုတော့ ဘာကိုများကြောက်နေရမှာလဲ?

"အစ်ကို...." ကျွန်တော့်ကို ဖက်လိုက်တယ်

"ပြန်လာလို့ ဖက်တာပဲလေ။ ဘာမှားလို့လဲ? ငါတို့ မတွေ့ရတောင် ကြာပြီကို။ ငါဖက်တာလေးတောင် ကပ်စေးနည်းနေပြီလား"

ချူယန်က အရမ်းကို သဘောထားကြီးသည့်ပုံက ယဲ့ချင်းရန်ကိုသူမအတွေးလွန်သွားအောင် လုပ်နေသလိုခံစားသွားစေရသည်။

သူမက ရယ်လိုက်၏။ "အစ်ကို ကျွန်တော့်ကို အပြစ်တင်လို့မရဘူးလေ။ ကျွန်တော်က မိန်းမရော ယောကျာ်းရောကိုပါ ဆွဲဆောင်နိုင်မှုက ကြီးတာကိုး"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now