Chapter 35: She Used Her Strength To Prove Them Wrong

9.9K 1.2K 14
                                    

ကျောင်းသားတွေနဲ့ ဆရာတွေ ထပ်ပြီး အံ့အားသင့်ကုန်ကြသည်။ ယဲ့ချင်းရန်က လိုလိုလားလားနဲ့ စာမေးပွဲထပ်ဖြေဖို့ တောင်းဆိုတယ်ပေါ့လေ... သူ့အမှတ်တွေက အစစ်အမှန်တွေပဲလား?

ဟွာချီလည်း ခဏလောက် ကြောင်သွားသည်။ ပြီးနောက် အကုန်လုံး နောက်ပြန်ဆုတ်ပြီး ဒီကိစ္စကို ရပ်လိုက်မယ်ဆိုတဲ့ အတွေးနဲ့ ယဲ့ချင်းရန်က လျှောက်ပြောတယ်လို့ပဲ သူတွေးလိုက်သည်။ ဒါပေါ့.. ယဲ့ချင်းရန်ရဲ့ ကလိမ်ကျတာကို အောင်မြင်ခွင့်မပေးနိုင်ဘူး... စာမေးပွဲထပ်ဖြေချင်တယ်လား? ကောင်းပြီလေ... ယဲ့ချင်းရန် အခုချိန်မှာ ဘယ်လောက်ဖြေနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့...

ဟွာချီက ကျယ်လောင်စွာနဲ့ပဲ ပြောလိုက်သည်။ "ယဲ့ချင်းရန် မင်း စာမေးပွဲထပ်ဖြေရဲပြီး အခုလက်ရှိအမှတ်ကို ထပ်ရမယ်ဆိုရင် မင်း ထိပ်ဆုံး ၁၀၀ထဲ ဝင်နိုင်ခဲ့တာ ငါယုံပေးမယ်"

ယဲ့ချင်းရန်က ဟွာချီကို အထင်သေးတဲ့ပုံနဲ့ ကြည့်ပြီး ပြောလိုက်သည်။

"မင်းငါ့ကို မှားပြီးစွပ်စွဲတာနဲ့တင် တော်လောက်ပြီ.. ဒါပေမယ့် ဆရာတွေကိုပါ ဆွဲမထည့်သင့်ဘူး... ငါတို့ အရင်က လောင်းကြေးထပ်ခဲ့တာပဲ... ဒါကြောင့် မင်းယုံဖို့ မလိုဘူး... ငါစာမေးပွဲထပ်ဖြေပြီး နိုင်ခဲ့ရင် တစ်ကျောင်းလုံးရှေ့မှာ စည်းကမ်းထိန်းရေးမှူးကိုတောင်းပန်လိုက်"

ဟွာချီက ချက်ချင်းကို သဘောတူလိုက်သည်။ "ရတယ်"

စည်းကမ်းထိန်းသိမ်းရေးမှူးလည်း အရမ်းထိရှသွားပြီး ကျေနပ်ပီတိဖြစ်သွားသည်။ ဒီကလေးက အေးစက်တယ် အကြင်နာမဲ့တယ် မောက်မာတယ် ယဉ်ကျေးမှုမရှိဘူးလို့ ဘယ်သူတွေကများ ပြောတာလဲ မသိ? သူတို့ မျက်စိကန်းနေလို့ပဲဖြစ်ရမယ်...

အတန်းပိုင်ဆရာမရဲ့ စိတ်အခြေအနေက ပိုပြီး မတင်မကျဖြစ်လာသည်။ ဒီလောင်းကြေးကို စပြီး သိရတုန်းထဲက ဒီလို ပြဿနာဖြစ်လာမယ်ဆိုတာ သူမသိနေသည်။ ထင်ထားတဲ့အတိုင်းပဲ ဒီပြဿနာက အတွေးထဲကထက်တောင် ပိုဆိုးနေသေးသည်။

ယဲ့ချင်းရန်ကတော့ ထားလိုက်ပါတော့... နဂိုထဲက သူမကို စိတ်အေးလက်အေးပေးမနေဘဲ တစ်ချိန်လုံး ပြဿနာရှာနေတာဖြစ်သည်။ အခု ဟွာချီကပါ ဒီလိုတွေ လုပ်လာတယ်... သူမ တကယ်ကို ရူးချင်နေပါပြီ

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now