Chapter 96: The Law of Female Supporting Role

7.8K 1.3K 103
                                    

UNICODE

ယဲ့ချင်းရန် ဆွံ့အသွား၏။ ဒီဇာတ်လိုက်မက လာပြန်ပြီ။ အရန်အမျိုးသမီးဇာတ်ကောင်ရဲ့ ဥပဒေဿကတော့ နေရာတိုင်းပါပဲလား။

ယဲ့ချင်းရန်က တန်တန်ကို အဝေးကို ခေါ်ထုတ်ချင်သည်။ တန်တန်က မုချင်းရွဲ၏အနင်းခံကျောက်တုံးဖြစ်သည့် အမြောက်စာ ဇာတ်ကောင်ဆိုတာ သူမသိသည်။ သူမက တန်တန်ကို ဇာတ်လိုက်မရဲ့ဇာတ်ကြောင်းကနေပြီး ဝေးဝေးခေါ်ထုတ်သွားချင်သည်။

သို့သော်လည်း တန်တန်က မုချင်းရွဲဆီလျှောက်သွားကာ အေးစက်နေသည့်လေသံဖြင့်မေးလိုက်သည်။

"ဘယ်သူ့ကို အရှက်မရှိဘူးလို့ပြောတာလဲ"

"နင့်ကို အရှက်မရှိဘူးလို့ ပြောနေတာ"

"ငါလည်း အရှက်မရှိတဲ့သူနဲ့ ငြင်းခုန်ရမှာ ပျင်းတယ်"

"နင်..."

မုချင်းရွဲက ဒေါသထွက်သွား၏။ သူမက ပြန်ပြောချင်ပေမယ့် သူမအနီးတစ်ဝိုက်မှာ လူတစ်စုရပ်နေတာကို မြင်လိုက်တော့ အတွေးပြောင်းသွားသည်။

သူမက နှုတ်ခမ်းကိုကိုက်ကာ မျက်လွှာချလိုက်သည်။ သူမက တန်တန်ကိုပြန်ကြည့်တော့ သူမမျက်လုံးတွေနီရဲသွားကာ မျက်ရည်တွေကျလာသည်။

"နင်က ကျော်ကြားတဲ့အနုပညာရှင်ဆိုတာ ငါသိပါတယ်...ငါက အခုမှ အသစ်လေးပါ နင့်စကားနားထောင်ရုံပဲတတ်နိုင်ပေမယ့် အရမ်းမလွန်နဲ့"

တန်တန်က ဒေါသထွက်သွားပြီး သူမကိုရိုက်ဖို့ လက်ရွယ်လိုက်သည်။ ယဲ့ချင်းရန် ထိတ်လန့်သွား၏။ တန်တန်က အခုလေးတင် ထက်မြက်ပြီးဆွဲဆောင်မှုရှိတဲ့ မြေခွေးမလေးလိုဖြစ်နေတာလေ... ဘာလို့ အခုလိုရုတ်တရက်ကြီး တိုက်ခိုက်ချင်တာလဲ?

သူမက အရှေ့ကို မြန်မြန်သွားပြီး တန်တန်ကိုဆွဲလိုက်ပေမယ့် အနည်းငယ်နောက်ကျသွားသည်။ သူမက တန်တန်ကို ဆွဲလိုက်ချိန်မှာ တန်တန်လက်က မတော်တဆ မုချင်းရွဲမျက်နှာကို ထိမိသွားသည်။

လူတွေအများကြီးရှိနေတာကို ယဲ့ချင်းရန်မြင်လိုက်တော့ ဆိုးပြီလို့ တွေးမိလိုက်၏။  တန်တန်က အနုပညာရှင်ဖြစ်သည်။ ဒီကိစ္စသာ ကြီးသွားပါက ကျောင်းမှာအနိုင်ကျင့်တယ်ဆိုပြီး အစွပ်စွဲခံရမှာဖြစ်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now