Chapter 148: She Was Prohibited by Chu Yan

6.8K 1K 27
                                    

UNICODE

ယဲ့ချင်းရန်က သူ့ကို ကြည့်ပြီး မေးလိုက်သည်။ "ကျွန်တော် ဘာလို့ ယောကျာ်းတစ်ယောက်ရှာနေလဲဆိုတာ အစ်ကို သိလို့လား"

ချူယန်က ပြန်ဖြေလာသည်။ "မသိဘူးလေ"

ယဲ့ချင်းရန်က အကျယ်ကြီး အော်ရယ်တော့သည်။ "ကျွန်တော် ဘာလို့ ယောကျာ်းတစ်ယောက်ကို ရှာတာလဲဆိုတာ မသိဘဲနဲ့ အစ်ကို့ကိုယ်အစ်ကို ထောက်ခံချက်လာပေးနေတယ်။ အစ်ကို့ကို ကျွန်တော် ရောင်းစားလိုက်မှာကို မကြောက်ဘူးလား?"

ချူယန်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ထပ်မေးလာသည်။ "ဒါဆို မင်း ဘာလို့ ယောကျာ်းတစ်ယောက်ကို ရှာနေတာလဲ?"

ယဲ့ချင်းရန်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူမရဲ့ နှုတ်ခမ်းထောင့်က လှပသည့် အကွေးလေးဖြစ်သွားသည်။ သို့သော်လည်း ဘယ်လိုပဲကြည့်ကြည့် အနည်းငယ် ထူးဆန်းနေသလိုဖြစ်နေသည်။

"အစ်ကိုက ယောကျာ်းတစ်ယောက်ငှါးပေးမယ်ဆိုရင် ကျွန်တော် ပြောပြမယ်"

"ပြောပြ"

ယဲ့ချင်းရန်က ချူယန်ကို လက်ဖြင့် သူမအနားသို့ကပ်လာရင် အချက်ပြလိုက်သည်။

ချူယန်က သူမကို တစ်ချက်ကြည့်ပြီး အနည်းငယ် ကိုင်းလိုက်၏။ ယဲ့ချင်းရန်က ခြေဖျားထောက်ပြီး သူ့နားထဲသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။

ချူယန်က ထိုစကားလည်းကြားရော ကြက်သေသေသွားသည်။ ယဲ့ချင်းရန်ကို သူပြန်ကြည့်ချိန်မှာတော့ သူ့အကြည့်က လုံးဝကို ထူးဆန်းနေသည်။

ယဲ့ချင်းရန်က မေးလိုက်သည်။ "အဲဒါဖြစ်နိုင်တယ်လို့ အစ်ကို မထင်ဘူးလား?"

"ဖြစ်နိုင်တယ်လို့ မထင်တာတော့ မဟုတ်ဘူး။ မင်း မော်လီအိမ်တော်ကို မေးတဲ့အချိန်မှာ ငါ့ဆီမှာ လူတစ်ယောက်ရှိနေတာ မင်းသိပြီးသားဆိုတာ ငါသိလိုက်တယ်။ မင်းက ငါ ကတိပေးမှာကို စောင့်နေတာ"

ဒီမြေခွေးလေးက တကယ်ကို ကောက်ကျစ်တာပဲ။ အခု သူတွေးမိချိန်မှာတော့ ဒီကလေးက သူ့ကို ထောင်ချောက်ထဲဝင်အောင် လုပ်ပြီးပြီဖြစ်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now