Chapter 188: Men or Women Are The Same

7.7K 1.1K 29
                                    

UNICODE

ယဲ့ချင်းရန်က သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်လိုက်ပြီး သူမမျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ "အစ်ကို ပြန်ရောက်ပြီလား"

သူမက လျင်မြန်စွာ လျှောက်လာပြီး ချူယန်လေးတွင် ရပ်လိုက်သည်။ သူမက ဒယ်အိုးထဲရှိ ကြက်ဥကြော်ကို ကြည့်လိုက်ကာ မနေနိုင်ဘဲ ချီးကျူးလိုက်သည်။ "အရသာရှိမယ့်ပုံပဲ"

ချူယန်ရဲ့ နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွားသည်။ "ဗိုက်ဆာပြီလား?"

ယဲ့ချင်းရန်က ခေါင်းညိတ်ပြလိုက်သည်။ "အင်း အရမ်းဗိုက်ဆာနေပြီ"

ချူယန်က ဒယ်အိုးထဲကနေ ပန်းကန်ထဲ ခပ်ထည့်လိုက်သည်။ သူက ယဲ့ချင်းရန်ကို ကမ်းပေးလိုက်သည်။ "ပြီးပြီ"

"ကျေးဇူးအစ်ကို အစ်ကိုက အကောင်းဆုံးပဲ"

ယဲ့ချင်းရန်က ပန်းကန်ပြားကို ထမင်းစားခန်းထဲ သယ်ထုတ်လာသည်။ ပေါင်မုန့်နှစ်ချပ်ကြားထဲ ကြက်ဥကြော်ညှပ်ထားပြီး ဝက်ပေါင်ခြောက်နှစ်ခုတောင်ပါသေးသည်။ အရမ်းကို အရသာရှိသည်။ နှစ်ကိုက် သုံးကိုက်လောက်နဲ့ တစ်ဝက်ကျော်ကို သူမစားပစ်လိုက်သည်။

ချူယန်က နွားနို့တစ်ခွက်ယူလာပြီး သူမရှေ့တွင် ထားပေးလိုက်သည်။ "ဖြည်းဖြည်းစား"

ယဲ့ချင်းရန်က အင့်ကနဲဖြစ်သွားပြီး နွားနို့တစ်ငုံသောက်လိုက်သည်။ သူမဘေးတွင် ထိုင်လိုက်သည့် ချူယန်ကို မြင်တော့ သူမမေးလိုက်သည်။ "အစ်ကိုရော မစားဘူးလား?"

ချူယန်က သူမကို ကြည့်လိုက်သည်။ "ကိုယ်စားပြီးပြီ"

"အစ်ကို ဘယ်အချိန်ကပြန်ရောက်တာလဲ? ပင်ပန်းနေပြီလား? သွားအိပ်ချင်သေးလား?"

"ကိုယ်မနေ့က ပြန်ရောက်တယ် ညက နားပြီးပြီ"

"မြို့တော်က ကိစ္စတွေရော ဖြေရှင်းပြီးပြီလား?"

"ပြီးသလောက်ပါပဲ"

သူတို့နှစ်ယောက်သားက နေ့စဉ်ကိစ္စတွေကို ဆက်တိုက်ပြောနေကြသည်။

မနက်စာစားပြီးလို့ ဗိုက်ပြည့်သွားသည့် ယဲ့ချင်းရန်က ပြတင်းပေါက်မှန်တွင် သူမရဲ့ ခေါင်းစုတ်ဖွားနှင့် ကြေမွနေသည့် အင်္ကျီတွေကို မတော်တဆ မြင်လိုက်ရသည်။ ကြည့်ပျော်ရှုပျော်ရုပ်တစ်စက်လေးတောင် မပေါက်နေပေ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now