Chapter 6: She Liked To Flirt With Him

11.9K 1.5K 89
                                    

UNICODE

လေထုအခြေအနေက ရုတ်တရက်ကြီး ထူးဆန်းလာသည်။ ယဲ့ချင်းရန်က မနေ့ညက သူမပေးထားတဲ့ ကတိကို သတိရလိုက်မိသည်။ သူမက သူ့ညီမလေးကို သူ့ရဲ့ ဆန်ကုန်မြေလေးပုံစံကို ပြဖို့ ကတိပေးထားသည်။ ဒါပေမယ့် အခု သူမက သူ့ကို အရှေ့မှာထားပြီး သူ့ညီမနဲ့ ပရောပရည်လုပ်နေသည်။

သူမမျက်နှာဆီ ဆန်ပြုတ်မပက်ထည့်တာပဲ သူညှာတာလွန်းလှပြီဖြစ်သည်။

"ကျွန်တော်က ကြည့်မကောင်းနေရင် ကျွန်တော့ပန်းတိုင်ကို ဘယ်လိုလုပ်ရောက်မှာလဲ"
ချူရုန်ရုန်က သိချင်စိတ်ဖြင့် မေးလာသည်။ "ဘာပန်းတိုင်လဲဟင်"

ချူရုန်ရုန်ကို နတ်ဆိုးဆန်တဲ့ အပြုံးနဲ့ ပြုံးပြလိုက်ပြီး "တစ်ချိန်ထဲမှာပဲ ကောင်မလေး အယောက် ၁၀၀ ရဖို့ ပြီးတော့ သူတို့က ငါ့ရည်းစားတွေဆိုတာ အချင်းချင်းသိနေမယ် ဒါပေမယ့် အဲ့လိုသိနေတာတောင် ငါ့ကို ခွဲမသွားနိုင်ဖို့"

သူမစကားလုံးတွေရဲ့ ခေါင်းစဉ်က "တွေ့လား ငါက ဒီလိုအကောင်စားမျိုးဆိုတာ"

ချူရုန်ရုန်က အဲဒါကိုကြားလိုက်တော့ သူမရဲ့ဖြူစင်ပြီး ကြည်လင်တဲ့ မျက်ဝန်းအစုံက ဝိုင်းစက်သွားသည်။ ဒါပေမယ့် သူမလေးမပျော်နေဘူးနော်။ အဲ့အစား သူမက ချီးကျူးလိုက်သည်။ "ညီမ သဘောကျတဲ့ အစ်ကိုရန်ဆိုတာဒါပဲ အစ်ကို့ပန်းတိုင်ကတောင် သာမန်ထက်ကို မိုက်လွန်းတယ်"
ယဲ့ချင်းရန် : "...."

ချူရုန်ရုန်က ချူယန်ကို ကြည့်လိုက်ပြီး သူမရဲ့ စိတ်ရင်းလေးနဲ့ကို အကြံပေးလိုက်သေးသည်။ "ကိုကြီး ညီမလေးထင်တာကတော့ ကိုကြီး အစ်ကိုရန်ဆီက သင်ယူသင့်တယ်"

ချူယန် : "...."

ခဏကြာတော့ သူက ချူရုန်ရုန်ကို ကြည့်လိုက်ပြီး ထူးမခြားနားတဲ့လေသံဖြင့် ပြောလိုက်သည်။

"မင်းဆက်ပြီး အချိန်ဆွဲနေမယ်ဆို ကျောင်းနောက်ကျတော့မှာနော်"

"အို....အို..."

ချူရုန်ရုန်လည်း လက်နှစ်ဖက်နဲ့ ဆန်ပြုတ်ပန်းကန်ကိုင်လိုက်ပြီး မော့ချလိုက်တော့သည်။ ပန်းကန်ကို ချပြီးတာနဲ့ အပေါ်ထပ်ကို အော်ရင်းပြေးတက်သွားသည်။ "အစ်ကိုရန် ညီမကို စောင့်ဦးနော် အပေါ်တက်ပြီး အင်္ကျီမြန်မြန်လဲလိုက်မဘ်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now