Chapter 2 - She had Three friends

14.9K 1.7K 89
                                    

Unicode

နာရီဝက်တောင်မကြာလိုက်ဘဲ အဲ့ဒီပို့စ်မှာ မှတ်ချက်ပေါင်း ထောင်ကျော်သွားပြီ
ဒါပေမယ့် မိနစ်အနည်းငယ်ကြာပြီးချိန်မှာ အဲ့ပို့စ်ကရုတ်တရက်ကြီးပျောက်သွားတယ်
ပြီးတော့ အဲ့လိုအလားတူပို့စ်တွေလည်း တင်လို့မရခဲ့ဘူး
အဲ့ပို့စ်ကပျောက်သွားပေမယ့် အဲဒါမရှိခဲ့သလိုမျိုး ဖြစ်သွားတာလည်းမဟုတ်ပြန်ဘူး။ Ye Qingran ရဲ့ အဓမ္မကျင့်ဖို့ကြံစည်တဲ့အတင်းအဖျင်းက ကျောင်းမှာ ရပ်တန့်သွားခြင်းမရှိခဲ့ဘူး။

Ye Qingran က ကျောင်းမှာ ရက်ပေါင်းများစွာ ပေါ်မလာခဲ့ဘူး
လူတိုင်းကတော့ Ye Qingran တစ်ယောက် အဲ့ကိစ္စကြောင့် ကျောင်းထုတ်ခံရပြီလို့ပဲ ခန့််မှန်းနေခဲ့ကြတာ
ဒါပေမယ့် တစ်စုံတစ်ယောက်က Ye Qingran အိတ်ဆွဲလာပြီး ကျောင်းကိုရောက်လာတဲ့ပုံကို ဖိုရမ်ပေါ်မှာ တင်လိုက်သည်။
[ သူတကယ်ကြီးကျောင်းကိုလာတယ်ပေါ့လေ ငါက သူကျောင်းထုတ်ခံရပြီထင်နေတာ]

[ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူက Ye မိသားစုရဲ့လေးယောက်မြောက်သခင်လေးဟာ ကျောင်းက ဘယ်လိုလုပ်ပြီး လုပ်ရဲမှာတဲ့လဲ]

[ငါသာသူ့နေရာမှာဆို ကျောင်းလာဖို့ မျက်နှာတောင်ရှိမှာမဟုတ်ဘူး။ အာ ဘာလို့ အိတ်ကြီးဆွဲလာရတာလဲ? ကျောင်းမှာနေတော့မှာတဲ့လား]

[ငါကြားတာတော့ သူ့ကို Ye မိသားစုက နှင်ထုတ်လိုက်တယ်ဆိုပဲ သူနဲ့တန်တာပဲ]

[တကယ်ကြီးလား? အဲဒါသာအမှန်ဆို ငါတို့ ဂုဏ်ပြုဖို့ မီးရှူးမီးပန်းမဖောက်သင့်ဘူးလား? ဟဟ]

..

ကျောင်းဂိတ်ဝကို Ye Qingran ခြေချလိုက်တာနဲ့ အကြည့်တွေကို ခံစားလိုက်ရတယ်။ အထင်သေးတာ ဒေါသထွက်တာ မုန်းတာ ရှက်တာ အငြိုးထားတာတွေနဲ့ပြည့်နေတဲ့ အကြည့်တွေက ဘက်ပေါင်းစုံကနေကို ပစ်လွှတ်နေတော့တာ
သူမကို အခုချက်ချင်း ကားစင်တင်ပစ်ချင်နေသလိုမျိုးတွေ

Si Jing ကို အဓမ္မပြုကျင့်ရန် ကြံစည်တယ်ဆိုပြီး အကွက်ဆင်ခံရတဲ့ ကိစ္စကြီးက ကျောင်းမှာ မုန်တိုင်းတစ်ခုလိုဖြစ်နေနေခဲ့ပြီ။ တကယ်တော့ မူလခန္ဓာပိုင်ရှင်အတွက်တော့ ဒါက သူမနာမည်ကို ရှင်းလင်းဖို့အတွက် အရမ်းကိုရိုးရှင်းတဲ့ကိစ္စတစ်ခုပါ

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now