Chapter 99: Cheated by her brother

8.3K 1.4K 164
                                    

UNICODE

တန်တန်က အဲ့စကားလည်းကြားရော မျက်နှာက မည်းမှောင်သွားသည်။ ဆွဲဆောင်မှုရှိသည့်ပုံကို သူမ ထပ်ဟန်မဆောင်နိုင်တော့ပေ။ သူမက စစ်ပွဲမှာ စစ်တိုက်သလိုဖြစ်နေသည်။ သူမက ချူယန်ကို အေးစက်သည့် မျက်နှာဖြင့် ပြောလိုက်သည်။

"ယဲ့ချင်းရန်က ကျွန်မအပိုင်....ရှင့်အပိုင်မဟုတ်ဘူး... ပြီးတော့ သူ့ကို ရှင့်ဆီပေးမယ်လို့ ကျွန်မမပြောခဲ့ဘူး... ရှင့်ဆီကနေပြန်လုမှာ"

တစ်နေ့မှာ ဒီလိုအဓိပ္ပါယ်မရှိတဲ့ အရာကို သူပါဝင်ရမယ်လို့ ချူယန်တစ်ခါမှ မတွေးခဲ့ဖူးဘူးဖြစ်သည်။ ကလေးတွေ အိမ်ဆောက်တန်းကစားနေတာလို့ ပြောလို့ရပေမယ့် အရမ်းကိုလေးနက်စွာကစားနေတာမျိုး ဖြစ်နေသည်။ လျစ်လျူရှုလိုက်လို့လည်းမရသလို ပေါ့ပေါ့ပါးပါး ရှင်းလို့လည်း မရဘူးဖြစ်နေသည်။

ချူယန်က ပြောလာသည်။ "မင်း ငါနဲ့ မယှဉ်နိုင်ပါဘူး"

ခဏလောက်ရပ်ပြီးမှ ဆက်ပြောလာသည်။ "မင်းကို အကြံတစ်ခုပေးလိုက်မယ်... ရုပ်ရှင်ရိုက်တာပဲ ကြိုးစားပြီးလုပ်... အနာဂတ်ကိုပဲ ကြည့်"

မူလတန်းကလေးက ဆရာရဲ့ ဩဝါဒချွေမှုကို ခံနေရသလိုပဲ တန်တန်ခံစားသွားရသည်။

ပါးနှစ်ဖက်ကို ဖောင်းကာ ပြောလာသည်။ "ဒါပေါ့ ကျွန်မက ရုပ်ရှင်ကို ကြိုးစားပြီးရိုက်ရမှာဖြစ်သလိုပဲ အချစ်ကိုလည်း ကာကွယ်ရမှာ... ကျွန်မက ယဲ့ချင်းရန်ကို ရအောင်ပြန်ယူပြီး ယောကျာ်းနဲ့မိန်းမကြားထဲက အချစ်ကို ခံစားခိုင်းမှာ... ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် တူတူရှိချိန်က ဘယ်လောက်အံ့ဩဖို့ကောင်းလိုက်လဲ"

အဲ့စကားကို ကြားချိန်မှာ ရေသောက်နေသည့် ယဲ့ချင်းရန်တစ်ယောက် သီးသွားသည်။ ဒီစကားလုံးတွေက အရမ်းကြီးကို ပွင့်လင်းတာပဲ...သူမလို အရည်ထူသည့်သူတောင် မနေနိုင်တော့ဘဲ မျက်နှာတွေပူလာသည်။ ဒီလိုတောင်ဖြစ်နေပြီပဲကို ဘာလို့ တခြားယောကျာ်းရှာပြီး အရှုံးမပေးသေးတာလဲ?

ဘယ်နေရာမှသုံးစားမရတဲ့ သူမ၏ မတရားဆိုးဝါးလွန်းသည့် ဆွဲဆောင်မှုကြောင့်များလား? လူတစ်အုပ်ကို ဆွဲဆောင်ဖို့ ကံပါသည့် သောက်ကျိုးနည်းဒဏ္ဍာရီလာ ကံကြမ္မာကြီးများလား?

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now