Chapter 199: Winning Back a Man's Heart

16.5K 1.2K 89
                                    

အပိုင်း ၂၀၀ ပြည့်သွားလို့ Book II ခွဲထားတယ်နော် တစ်ချက်ကြည့်ပေးကြပါဦး ဖတ်နေကျသူလေးတွေကို မမြင်ရတော့ တစ်မျိုးလိုနေသလိုပဲ TT


UNICODE

ယဲ့ချင်းရန်က ပြုံးကာ ပြောလိုက်သည်။ "ရပါတယ်"

ဒါက ရိုးရှင်းသည့်ကိစ္စတစ်ခုမဟုတ်ပေ။ မုချင်းရွဲက အမုန်းတရားတွေကို မေ့သွားပြီး ယဲ့မိသားစုအပေါ် လက်စားချေဖို့ တွေးနေတာကို ရပ်တာတွေ ပြောင်းရန်အတွက် သူမလုပ်ချင်တာဖြစ်သည်။

မုချင်းရွဲက အမုန်းတရားတွေ မရှိတော့ဘဲ သူမဘဝမှာပဲ သူမနေမည်ဆိုလျှင် သူမက အတုအယောင်ကနေ အစစ်ကို ပြောင်းသွားပြီး ဇာတ်လိုက်မဖြစ်သည့် မုချင်းရွဲကိုလည်း ပျော်ရွှင်သည့် ဇာတ်သိမ်း ရှိသွားနိုင်သည်။

သို့ပေမယ့် ဒါက အချစ်ဇာတ်လမ်းဖြစ်ပြီး သူမရဲ့အချစ်ရေးကို ဝင်ရှုပ်လိုက်ပေမယ့် မုချင်းရွဲ၏ လက်စားချေမှုက အဓိကဇာတ်ကြောင်းဖြစ်နေတာကို သူမ မေ့သွားသည်။

သူမက မုချင်းရွဲ၏အမုန်းတရားကို မေ့ပျောက်စေချင်ပြီး အဓိကဇာတ်ကြောင်းကို ပြောင်းလဲချင်ခဲ့သည်။

ဘယ်လိုလုပ် အရမ်းရိုးရှင်းမှာလဲ?

ထို့အပြင် ဘယ်လောက်ပဲ ပြည့်စုံသည့် လှည့်ကွက်ဖြစ်ပါစေ လှည့်ကွက်ဖြစ်နေတုန်းဖြစ်သည်။ တစ်နေ့မှာတော့ ပေါ်မှာပဲ ဖြစ်သည်။

သူမလာရသွားရသည့်အကြောင်းရင်းကလည်း သူမက ဇာတ်လိုက်မဖြစ်နေလို့ဖြစ်သည်။ (T/N: ဒါကိုတော့ အိုင်လည်း နားမလည်)

ဇာတ်လိုက်မ၏ရောင်ဝါက ဒီကမ္ဘာတွင် အင်အားအကြီးဆုံး တည်ရှိမှုဖြစ်၏။ မျှော်လင့်ချက်ပျက်သုဉ်းနေသည့် အသူတရာချောက်ထဲကနေ ပြန်ထွက်ဖို့ဆိုတာ ဇာတ်လိုက်မအတွက် နည်းလမ်းတစ်ခု အမြဲရှိသည်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာ ဘယ်သူက ဇာတ်လိုက်မကို ရှာမှာလဲ?

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationOpowieści tętniące życiem. Odkryj je teraz