Chapter 176: Who's Child Is It

6.8K 1K 29
                                    

UNICODE

ယဲ့ကျွင်းက ပြောလာသည်။ "ဖုန်းရှင်းက အိမ်တစ်လုံးပိုင်တယ်။ ခင်ဗျားတို့ အဲ့မှာ ယာယီနေလို့ရတယ်။ သူမကို ဂရုစိုက်ပေးဖို့ နာနီတစ်ယောက်လည်း ငှါးပေးမယ်"

နင်းယန်ရှန်းနှင့် အမေနင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။

ယဲ့မိသားစုက အရမ်းကို အရူးလုပ်ဖို့ လွယ်တယ်လို့ သူတို့ မထင်ထားခဲ့ပေ။ သူတို့နေဖို့ နေရာတောင် တကယ်ကြီး စီစဉ်ပေးတယ်။ ထောင်ချောက်များလား?

သူတို့ သတိတော့ထားရဦးမည်။

တစ်ဖက်က လင်းရှုအာကတော့ ယဲ့ကျွင်းရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန်ကန့်ကွက်သည်။

လူပိုနှစ်ယောက်ကို ထောက်ပံ့ရတာ သူတို့ မိသားစုအတွက် ပြဿနာမကြီးပေ။ သို့ပေမယ့် ယဲ့ချင်းရန် မတရားစွပ်စွဲခံရတာ သူမသိသည်။ ဒီနှစ်ယောက်ကို သူတို့အိမ်မှာ နေခွင့်စားခွင့်ပေးလိုက်ရင် သူမက ဘယ်နည်းနဲ့ ဖြစ်ဖြစ်သည်းခံနိုင်မည်မဟုတ်ပေ။

ယဲ့ကျွင်းက ပြောလာသည်။ "တော်တော့ ဒီကိစ္စကို ဖြေရှင်းပြီးပြီ"

ဒီကလေးက သူတို့ယဲ့မိသားစုဝင်မဟုတ်ဘူးဆိုရင်တော့ ဒီသားအမိကု သူ အလွတ်မပေးပေ။

သို့ပေမယ့် ဒီသားအမိက ခံနိုင်ရည်ရှိရင်တောင် သူတို့က ယဲ့မိသားစုကို အရမ်းကာရော လိမ်ရဲမည်မဟုတ်ဘူးလို့ သူတွေးမိသည်။

ဒါပေမယ့် လင်းရှုအာက ကြားဝင်ဖြတ်သည်။ "မရဘူး လုံးဝမရဘူး"

ယဲ့ချင်းရန်က အပြင်မှာ အကြာကြီး နားထောင်နေသည်။ လင်းရှုအာက ဒီကလေးကို အသိအမှတ်မပြုသလို နင်းမိသားစုကိုလည်း နေခွင့်မပေးချင်နေဘူးဖြစ်သည်။ သို့ပေမယ့် သူမက ယဲ့ကျွင်းကို သူမက မိန်းကလေးဆိုတာကို ပြောဖို့ ငြင်းဆိုနေတုန်းပင်။

ကြည့်ရတာ ဘာပဲဖြစ်ဖြစ် လင်းရှုအာက ဝန်ခံမည်မဟုတ်ပေ။

သူမက ကျောင်းလွယ်အိတ်ကို လွှဲပြီး အိမ်ထဲသို့ စိတ်အေးလက်အေး ဝင်လာသည်။ "ဟေး ဒီနေ့ အိမ်က အရမ်းကို စည်ကားနေတာပဲ"

ယဲ့ချင်းရန် ဝင်လာတာကို မြင်တာနှင့် ယဲ့ကျွင်းက သူမကို စိုက်ကြည့်လာသည်။ "နောက်ဆုံးတော့ ပြန်လာပြီပေါ့ အကောင်စုတ်လေး။ မင်းကို ကောင်းကောင်း မသွန်သင်ခဲ့မိလို့ မင်းက ယဲ့မိသားစုကနေ တကယ် ခွဲထွက်နေတာပဲ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now