Chapter 164: Reversal, a Slap to the Face

7.6K 1.2K 40
                                    

UNICODE

"အဲ့ကလေး ယန်မိသားစုကို ပြန်ရောက်သွားတယ် ဒါပေမယ့် ယန်မိသားစုက လူတိုင်းက သူ့ကို အထင်သေးတယ် တရားမဝင်ကလေးတစ်ယောက်လိုပဲဆက်ဆံကြတယ်။ သူ့ကို ဘာမှမသိတဲ့ တောက ကလေးလိုဆက်ဆံကြတယ်။ ဒါပေမယ့် သူတို့မထင်ထားတာက အဲ့တရားမဝင်ကလေးက IQ အရမ်းမြင့်တဲ့ ဉာဏ်ကြီးရှင်ဖြစ်နေတာပဲ။ သူက သူ့ရဲ့သွေးတစ်ဝက်ညီတွေထက်တောင် အများကြီးသာတယ်"


"အဲဒါကပဲ ဒီတရားမဝင်ကလေးကို စိတ်မကျေမနပ်ဆုံးဖြစ်နေတဲ့ ယန်မိသားစုက သခင်ကြီးက သူ့ကို ဆက်ခံသူအဖြစ် လုပ်စေချင်ခဲ့တာပဲ။ ဒါပေမယ့် သူအကျယ်ကြီးမပြောရဲဘူး ဘာလို့လဲဆိုတော့ သူ့ရဲ့ တခြားမြေးတွေကိုလည်း ဂရုစိုက်နေရသေးလို့လေ"

"အဲဒါက ယန်မိသားစုရဲ့ ပွဲတစ်ခုမှာ သခင်ကြီးက ဒီတရားမဝင်ကလေးက ယန်မိသားစုရဲ့ဆက်ခံသူလို့ မကြေညာခင်အထိပဲ။ သူထင်ထားတာက ဒီတရားမဝင်ကလေးက အရမ်းကိုပျော်ပြီး ယန်မိသားစုကို ကျေးဇူးတွေအရမ်းတင်နေမယ်လို့လေ"

"ဒါပေမယ့် ဒီတရားမဝင်ကလေးက ငြင်းပယ်ရုံတင်မကဘူး အဲ့နေရာမှာပဲ သခင်ကြီးရဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်ခဲ့ပြီး ယန်မိသားစုကနေ တိုက်ရိုက်ထွက်လာခဲ့တယ်။ သူထင်ထားတဲ့ အထင်ကြီးစရာကောင်းတဲ့ ဒီဆက်ခံသူနေရာကို တစ်ဖက်လူက လုံးဝမလိုချင်ခဲ့ဘူး"

လျိုဘေဘေက အံ့ဩတကြီး အော်တော့သည်။ "ဝိုး အရမ်းမိုက်တယ် အရမ်းလန်းတယ်။ ပြီးတော့ ဘာဖြစ်သေးလဲ? နောက်တစ်နေ့ အဲ့တရားမဝင်ကလေးက ဘယ်ကို ထွက်သွားလဲ? အခုရော သူ ယန်မိသားစုကို ပြန်သေးလား?"

ယဲ့ယွိတန်က ပြောလိုက်သည်။ "ငါလည်း မသိဘူး။ ငါ့အခန်းဖော်ပြောပြတာ အဲဒါအကုန်ပဲ။ ဖြစ်နိုင်တာက သူ့ဦးလေးအိမ်ကို ပြန်တာနေမယ်။ အဲ့ကလေးကို သူ့ဦးလေးက စောင့်ရှောက်လာတာလေ"

ယဲ့ချင်းရန်က တိတ်တိတ်လေး နားထောင်နေသည်။

ဒီဒရမ်မာရဲ့ တစ်ချို့နေရာတွေက အရမ်းကို ရင်းနှီးနေသလို ဘာလို့ ခံစားနေရတာလဲ?

ဥပမာ သူ့ကို သူ့ဦးလေးက စောင့်ရှောက်ထားပြီး အလယ်တန်းကျမှ သူ့အဖေအရင်းက ခေါ်သွားတာမျိုး။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now