Chapter 22: Her Kind Reminder

10.4K 1.3K 16
                                    

ယဲ့ချင်းရန် မလှုပ်တာမြင်တော့ တုရန်က ရန်စတဲ့အပြုံးဖြင့် မေးလိုက်သည်။
"ဘာလဲ မင်းကြောက်လို့လား"

သူ့အနောက်တွင်လည်း စပ်ဖြဲဖြဲလုပ်နေသည့် ကောင်လေးအနည်းငယ်ရှိနေသည်။ တမင်လှောင်ပြီး ရန်စသည့် ပုံစံဖြင့် မေးလာကြသည်။ "လေးယောက်မြောက်ယဲ့သခင်လေး ဘာလို့ သူ့ကိုကြောက်နေရတာလဲ...လာပါ သူရှုံးအောင်လုပ်လိုက်စမ်းပါ"

သူတို့က တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဆိုတာ သိသာသည်။ ယဲ့ချင်းရန်ရဲ့ မှတ်ဉာဏ်ထဲတွင် တုရန်က ကဒ်ကစားဖို့ (ကာစီနိုကစားတာ) ဖိတ်လေ့ရှိသည်။ ဒါပေမယ့် မူလကိုယ်ပိုင်ရှင်က တစ်ခါမှ နိုင်ခဲ့တာမရှိပေ။ အမြဲရှုံးနေခဲ့သည်။ နောက်ပိုင်းတွင်တော့ မူလကိုယ်ပိုင်ရှင် ကဒ်မကစားချင်သောအခါ တုရန်က သူ့အပေါင်းအသင်းတွေကို လှည့်စားပြီး ကစားခိုင်းဖို့ ပြောခဲ့သည်။ သူတို့တွေက မူလကိုယ်ရှင် မကစား စားအောင် လှည့်စားပြီး ကဒ်ကစားမည့် စားပွဲတွင် အတင်းထိုင်ပြီး ကစားစေသည်။ နောက်ဆုံးမှာတော့ မူလကိုယ်ပိုင်ရှင်ပဲ ပိုက်ဆံတွေရှုံးပြီး အရှက်ရသည်။ တုရန်က မူလကိုယ်ပိုင်ရှင်ကို မျောက်တစ်ကောင်လို ကစားခဲ့ခြင်းဖြစ်သည်။

တကယ်တော့ တုရန်တင်မကဘဲ အသိုင်းအဝိုင်းတူညီသည့် အများစုက အပေါ်ယံတွင် မူလကိုယ်ပိုင်ရှင်ကို ကောင်းမွန်စွာ ဆက်ဆံသည့်ပုံလုပ်ပြီး နောက်ကွယ်တွင်တော့ အရူးတစ်ယောက်လို ကစားကြသည်။ အပေါ်ယံတွင်တော့ ညီအစ်ကိုကောင်းတွေဖြစ်ပြီး မူလကိုယ်ပိုင်ရှင် အရူးတစ်ယောက်လို ဖြစ်နေတာကို ကြည့်ဖို့ စောင့်နေကြသူတွေသာဖြစ်သည်။

လျို့လန်းဝေတစ်ယောက်သာ အရေထူသည့်သူဖြစ်မည်။ သူတစ်ယောက်သာ မူလကိုယ်ရှင်ကို သူငယ်ချင်းအရင်းတစ်ယောက်လို စိတ်ရင်းနှင့် ဆက်ဆံတဲ့သူဖြစ်သည်။

ယဲ့ချင်းရန်လည်း မတ်တပ်ရပ်လိုက်သည်။ "ကောင်းပြီလေ ပွဲအနည်းငယ်လောက်တော့ ကစားကြတာပေါ့"

လျို့လန်းဝေအတွက် လက်ဆောင်ဝယ်ပြီးနောက်မှာ သူမတွင် ပိုက်ဆံ သိပ်မကျန်တော့ပေ.. ထိုင်နေရတာလည်း ပျင်းဖို့ကောင်းတော့ အသုံးစရိတ်လေးရအောင် ကစားရမည်။ ယဲ့ချင်းရန်က ဝင်ထိုင်လိုက်သည်နှင့် သူမကိုယ်သူမ အရူးလုပ်နေတာကို ကြည့်ဖို့စောင့်နေသည့် သူတွေရှိလာသည်။ ဒါပေမယ့် ဒီနေ့တွင်တော့ ယဲ့ချင်းရန် တစ်ပွဲမှ မရှုံးတာကို မြင်ရမယ်လို့ မမျှော်လင့်ထားပေ... တစ်ဖက်က ၃ယောက်ပေါင်းပြီး ကစားတောင်မှ သူမက နိုင်နေသေးသည်။ သူမဘေးတွင် လူတွေပိုပိုများလာတဲ့အပြင် နောက်ထပ်တစ်ပွဲတောင်နိုင်လိုက်သေးသည်။ ကစားနေတဲ့သူတွေထဲမှ တစ်ယောက်ကတော့ ဆိုးဆိုးဝါးဝါးရှုံးနေလို့ ပေါက်ကွဲလာတော့သည်။ "မကစားတော့ဘူးကွာ မကစားတော့ မင်းတို့ဘာသာပဲ ဆက်ကစားကြတော့"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now