Book ( 63 ) Ch 1 - 2 (or)Ch 837 - 838

110 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(63)

Chapter-1

(ခုခံမှုအားလုံးကို လှီးဖြတ်ခြင်း)

မျက်စိတစ်မှိတ်အချိန်အတွင်း အချိန်လေးနာရီ ကုန်ဆုံးသွားခဲ့ပေသည်။ ယီယွမ်နှင့် အခြားလူများက ရှေ့သို့  
မိုင်ရာပေါင်းများစွာအထိ တိုးသွားနိုင်ခဲ့၏။

သူတို့၏ရှေ့မှ ဖုတ်ကောင်များက လျော့နည်းသွားခြင်းမရှိဘဲ ပို၍များပြားလာခဲ့ကြပေသည်။

ဖုတ်ကောင်များကို ပို၍သတ်မိလာလေ ဖုတ်ကောင်များက ပို၍များပြားလာလေဖြစ်ရာ ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ် အကြီးအကဲများက စတင်၍  မျှော်လင့်ချက်များ ကုန်ဆုံးလာခဲ့ကြ၏။

ဝေ့ချမ်း၊ဟွာရှုကျဲတို့ အားလုံး၏ သဘာဝစွမ်းအင်ကုန်ဆုံးမှုက အလွန်ကြီးမားပေသည်။ ဖုတ်ကောင်များကို သတ်ဖြတ်မှု အမြန်နှုန်းကလည်း ယခင်ကနှင့်စာလျှင် သိသာသာသာ နှေးကွေးလာခဲ့၏။

ဝေ့ချမ်း၏အကြည့်က ယီယွမ်ဆီသို့ အလိုအလျောက် ရောက်ရှိလာချိန်တွင် သူ၏စိတ်ထဲ၌ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဒီငနဲက တော်တော်ထူးဆန်းတာပဲ… လေးနာရီကြာသွားတာတောင် သူ့ရဲ့ အတိုက်အခိုက်စွမ်းရည်က အစကနဲ့ အတူတူလောက်ပဲ ရှိနေသေးတယ်… အများကြီး လျော့ကျမသွားခဲ့ဘူး… ဒီလိုသိုင်းပညာမျိုးကို အကန့်အသတ်မဲ့နယ်ပယ် သိုင်းပညာရှင်တစ်ယောက်က လေးနာရီဆက်တိုက် ထုတ်သုံးနိုင်ဖို့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…..

ဝေ့ချမ်း၏စိတ်ထဲ၌ တွေးလိုက်မိပေ၏။

ဝေ့ချမ်း၏စိတ်ထဲ၌ တိတ်တဆိတ်ပင်  ယီယွမ်က သူ၏ သဘာဝစွမ်းအင်များကို အလွန်မြန်ဆန်စွာ ကုန်ဆုံးစေမိပြီး လေနက်၏ အကူအညီကို တောင်းခံရရန် မျှော်လင့်ထားခဲ့သည်။

အချိန်လေးနာရီကြာပြီးသည့်တိုင်  ယီယွမ်၏ သိုင်းပညာက သဘာဝစွမ်းအင်များ ကုန်ဆုံးခြင်းမရှိသကဲ့သို့ မရပ်မနား ဆက်လက်ထုတ်ဖော်နိုင်မည်ဟု မည်သူက ကြိုသိခဲ့မည်နည်း။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now