683

129 17 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-3

(တိတ်တခိုးအနမ်း)

"တကယ်ပေါ့... ငါက မင်းကို စိတ်မပျက်စေရပါဘူး... ဒီရက်တွေမှာ စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းအပ်ကို အသုံးပြုပြီးတော့ မင်းရဲ့အကြောတွေကို နှိုးဆွပေးထားလို့ သစ်သားဓာတ်စွမ်းအင်ကို ဆယ်ဆပိုမြန်အောင် စုပ်ယူနိုင်ပြီ... ဒီနည်းနဲ့ဆိုရင် မင်းက အဆင့်(7)ကို ဒီရက်အနည်းငယ်အတွင်းမှာ တက်ရောက်သွားလိမ့်မယ်....." ယီယွမ်က ပြောလိုက်သည်။

စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းအပ်က ရန်ရှင်းချွန်းထံမှ ယီယွမ်ယူဆောင်လာခဲ့သော နက်နဲခြင်းမှော်ရတနာအဆင့် ရွေအပ်များဖြစ်၏။

အဇူရာစိတ်ဝိညာဥ်အပင်ကို ရင်ဆိုင်ရန်အတွက် ယီယွမ်က ထူးခြားသောနည်းလမ်းများဖြင့် ပြုပြင်ထားခဲ့ခြင်းဖြစ်သည်။

အဇူရာစိတ်ဝိညာဥ်အပင်က ထိုစကားကိုကြားသော် အလွန်ဝမ်းသာသွားခဲ့၏။ "တကယ်လား....."

ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "မင်းက ပထမဆုံး အဆင့်(7)ကို ခြေလှမ်းဝက်နင်းနေပြီးသားပဲ... စောစောက အပ်တွေကို ငါအသုံးပြုခဲ့တာက ရေစီးအတိုင်း လှေကိုအလိုက်သင့် မျှောချပေးတာပါပဲ... မင်းက ဒီလောက်အထိ ပျော်နေဖို့မလိုပါဘူး... ငါ့ရဲ့လက်ရှိခွန်အားနဲ့ မင်းကို ကူညီနိုင်တာက ဒီလောက်အထိပဲ....."

အဇူရာစိတ်ဝိညာဥ်အပင်က ကပျာကယာပင် ပြောဆိုခဲ့၏။ "ငါကဘာလို့မပျော်ရမှာလဲ... ငါက ဒီအဆင့်ကို ရောက်ရှိနေတာ အချိန်အတော်ကြာနေပြီ... ဒါပေမဲ့ အခုအချိန်အထိ အဆင့်မတက်နိုင်ခဲ့ဘူး... ငါ့ရဲ့ သစ်သားဓာတ်စွမ်းအင်ကို စုပ်ယူမှုနှုန်းက ဆယ်ဆပိုမြန်သွားရင် အဆင့်(7)ကို တက်ရောက်တာက အင်အားထုတ်စရာမလိုတဲ့ ကိစ္စတစ်ခုဖြစ်သွားလိမ့်မယ်....."

တံခါးဝအဆင့်က ကျင့်ကြံသူအားလုံးအတွက် ဖြတ်ကျော်ရန် ခက်ခဲသောအခြေအနေတစ်ခု ဖြစ်ပေသည်။

အထူးသဖြင့် အဆင့်(6)မှ အဆင့်(7)သို့ တက်ရောက်ရာ၌ ကြီးမားသော အတားအဆီးတစ်ခုရှိနေခဲ့၏။ အဇူရာစိတ်ဝိညာဥ်အပင်က ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်အပင်တစ်ခု ဖြစ်နေသည့်တိုင် ဤအတားအဆီးကို ကျော်ဖြတ်နိုင်ရန် မလွယ်ကူခဲ့ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)حيث تعيش القصص. اكتشف الآن