Ch 990 - 992

107 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(73)

Chapter-7

(ဆက်သွယ်ရေး အစီအရင်)

"အဖေ….."

ရုန်ရှင်းက အလျင်အမြန်ပင် မတ်တတ်ရပ်လိုက်ပြီး သူ၏အကြည့်က ရွမ်ရွှမ်းကျိုးခေါ်ဆောင်လာသည့် လူနှစ်ယောက်ထံသို့ ရောက်ရှိနေခဲ့သည်။

ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ရုန်ရှင်း၏ဖခင် ရုန်ကျဲဖြစ်၏။

ရုန်ကျဲက သွေးနီမီးတောက်ကလန်၏ သာမန်အဖွဲ့ဝင်တစ်ယောက်သာ ဖြစ်သည်။ သူ၏ခွန်အားက အသင့်အတင့် မြင့်မားသော်လည်း အဆင့်အတန်းမြင့်မားခြင်း မရှိပေ။

သို့သော် ဖခင်တစ်ယောက်က သူ၏သားကြောင့် မြင့်မြတ်လာလေ့ရှိ၏။ ရုန်ရှင်း၏ အဆင့်အတန်းမြင့်မားမှုကြောင့်  သူ၏ဖခင်က  သွေးနီမီးတောက်ကလန် အတွင်း၌ အင်အားကြီးမားသော လူတစ်ယောက် ဖြစ်လာခဲ့သည်။

ယီယွမ်က ရုန်ကျဲကို ဖမ်းဆီးလာခဲ့မည်ဟု လူတိုင်းက လုံးဝမျှော်လင့်မထားခဲ့ပေ။

ဤသို့ဖြင့် ယခုကိစ္စက အလွန်ကြီးမားသွားခဲ့ပြီဖြစ်၏။

ရုန်ကျဲက ရွမ်ရွှမ်းကျိုး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ဤအချိန်၌ သူက ခွေးသေတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ပြီး ရုန်ရှင်းကို စကားပြန်မပြောနိုင်ခဲ့ပေ။

"မင်းကသေချင်နေတာပဲ…  ယီယွမ်….."

ယီယွမ်က သူ၏ဖခင်အား  ဤသို့ဆက်ဆံရဲသည်ကို မြင်လိုက်ရသော် ရုန်ရှင်းက အကြီးအကျယ် ဒေါသထွက်လာခဲ့ပြီး ဤနေရာတွင် အကြီးအကဲများ ရှိနေခဲ့သည်ကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏တစ်ကိုယ်လုံးက သွေးနီရောင်အလင်းတန်းကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး ယီယွမ်ဆီသို့ ပြေးဝင်သွားခဲ့၏။

အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။ အလင်းဖြူက ယီယွမ်၏ ရှေ့မှောက်တွင် ပိတ်ရပ်လိုက်၏။

ဝုန်းးး…..

တိုက်ခိုက်မှုနှစ်ခု ဆုံတွေ့သွားချိန်တွင် ရုန်ရှင်းနှင့်အလင်းဖြူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားခဲ့ရပြီး သူတို့၏ခွန်အားက အတူတူပင် ဖြစ်နေခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now