Book (78) Ch 1 - 3(or)Ch 1059 - 1061

121 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(78)

Chapter-1

(မင်းကို လှည့်စားခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပြောစရာမရှိဘူး)

မိုးကြိုးဓာတ် ကျင့်ကြံခြင်းပညာရပ်များအပြင် မိုးကြိုးငိုဒီဗိုင်းဘုရင် အကျွမ်းကျင်ဆုံးမှာ ဖုံးကွယ်မှုနှင့် ခြေရာကောက်မှု ပညာရပ်များပင် ဖြစ်သည်။

လမ်းတစ်လျှောက်တွင် သူက ယီယွမ်တို့အဖွဲ့နောက်သို့ တစ်ချိန်လုံး လိုက်ပါနေခဲ့ပြီး ရေကြီးနေချိန်တွင် ငါးဖမ်းရန် ကြံစည်ထားခဲ့ခြင်းဖြစ်သည်။

အကယ်၍ ယီယွမ်တို့အားလုံးကသာ အန္တရာယ်ကြီးနှင့် ကြုံတွေ့ရမည်ဆိုလျှင် သူက နောက်ကွယ်မှနေ၍ ဓားနှင့်ထိုးရန် တွေဝေနေမည်မဟုတ်ပေ။ အကယ်၍ ယီယွမ်တို့ကသာ ပစ္စည်းကောင်းတစ်ခုကို ရှာတွေ့ခဲ့မည်ဆိုလျှင် သူက ယီယွမ်တို့အား အနိုင်ယူပြီး ထိုပစ္စည်းကို ယူဆောင်မည်ဖြစ်သည်။

သူက ခရမ်းနုရောင်မိစ္ဆာ ကောင်းကင်မည်းမှောင်ခြင်းကို မှတ်မိခြင်းမရှိခဲ့ပေ။ သို့သော် ယီယွမ်၏ စောစောလေးမှ စကားများက သူ့ကို အကြီးအကျယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။

ယီယွမ်၏စကားများကို ကြားလျှင် ဟင်းလင်းပြင်ဆန်းကြယ်အဆင့် ပုဂ္ဂိုလ်အားလုံးက စိတ်မလှုပ်ရှားဘဲနေနိုင်မည် မဟုတ်ပေ။

စောစောလေးတွင် သူက မည်သို့လုယက်ရမည်ကို  စီစဥ်နေခဲ့သည်။ မြေရိုင်းကျွဲတစ်ကောင်က ရုတ်တရက်ထွက်ပေါ်လာမည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။

"တကယ်ကို ဘာမှအားမထုတ်လိုက်ရဘဲ ရရှိခဲ့တာပဲ… ဒီလို ပစ္စည်းကောင်းမျိုးကို ငါလက်ခံလိုက်ပါ့မယ်….."

ဝူယွမ်ချောင်းက စိတ်ထဲတွင် အလွန်ကြည်နူးနေခဲ့ပြီး သူ၏လက်ကိုဆန့်ထုတ်၍ ခရမ်းနုရောင်မိစ္ဆာ ကောင်းကင်မည်းမှောင်ခြင်းကို နှုတ်ယူရန် ပြင်ဆင်ခဲ့သည်။

ထိုအချိန်တွင် ခရမ်းနုရောင်မိစ္ဆာ ကောင်းကင်မည်းမှောင်ခြင်းမှ ခရမ်းနုရောင် အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝူယွမ်ချောင်းက မျက်နှာပျက်သွားခဲ့ပြီး ကပျာကယာပင် နောက်ဆုတ်ရန် ပြင်ဆင်လိုက်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now