Book (57)Chapter 1 - 5 or Ch 751 - 755

121 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(57)

Chapter-1

(ကြာပန်းခြေနင်းခုံ)

ရှေးဟောင်းဂူထဲသို့ ဝင်ရောက်လာပြီးနောက် ကျယ်ပြန့်သော နေရာတစ်ခုကို သူတို့၏မျက်စိရှေ့၌ တွေ့လိုက်ရပေသည်။ သို့သော် မကြာမီပင် တစ်စုံတစ်ရာလွဲချော်နေသည်ကို လူတစ်ယောက်က တွေ့ရှိသွားခဲ့၏။

"အမ်… ဒီဂူထဲမှာ ကိုယ်ပိုင်လောကတစ်ခု ရှိနေတာနဲ့တူတယ်… ကျုပ်က တကယ်ပဲ  ပျံသန်းလို့မရတော့ဘူး….."

ထိုစကားကိုကြားသော် လူတိုင်းက စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ သဘာဝစွမ်းအင်များကို အနည်းငယ်စုစည်းစမ်းသပ်ကြည့်လိုက်ရာ သူတို့က အမှန်တကယ်ပင် ပျံသန်းနိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိခဲ့ရ၏။

"ဒီဂူက တကယ်ကို ထူးခြားဆန်းကြယ်လွန်းတာပဲ… ဂျူနီယာညီလေးရဲ့ ခွန်အားနဲ့တောင် သူက ဒီနေရာမှာ ပိတ်မိနေတာ အံ့ဩစရာမရှိတော့ဘူး….." ရင်ထျန်းယာက မျက်မှောင်ကုတ်၍ ပြောဆိုလိုက်သည်။

"အမ်… ဂျူနီယာညီလေး ဟုတ်လား… မင်းပြောနေတဲ့သူက… ရှုယန်လား….." ဖေးဝမ်ချမ်းက အလွန်အံ့ဩနေဟန် ပေါ်နေခဲ့ပေ၏။

ရင်ထျန်းယာက ခေါင်းညိတ်၍ ပြောဆိုလိုက်သည်။ "ဂျူနီယာညီလေးက ဒီဂူကို မတော်တဆ ရှာတွေ့ခဲ့ပေမဲ့ ဒီနေရာမှာ ပိတ်မိနေမယ်လို့ သူမျှော်လင့်မထားခဲ့ဘူး… သူသတင်းပို့တာကို ကြားလိုက်ရမှ ဒီနေရာအကြောင်းကို ငါသိသွားခဲ့တယ်….."

ဖေးဝမ်ချမ်းက ထိုစကားကိုကြားသော် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောခဲ့ပေ၏။ "ရှုယန်ရဲ့အစွမ်းက မင်းနဲ့ငါ့ထက် ပိုမိုမြင့်မားတယ်… သူတောင် ဒီနေရာမှာပိတ်မိနေရင်….."

သူတို့နှစ်ယောက်၏ စကားများကိုကြားသော် လူတိုင်း၏နှလုံးသားများက တင်းကျပ်သွားခဲ့ကြသည်။ ကြည့်ရသည်မှာ ဤဂူက အလွယ်တကူ ပြီးဆုံးသွားနိုင်သည့် ခရီးတစ်ခု မဟုတ်နိုင်တော့ပေ။

သူတို့၏နှုတ်မှ ပြောနေခဲ့သည့် ရှုယန်၏ခွန်အားက မည်မျှအထိ သန်မာသည်ကို မည်သူမှ မသိကြပေ။ သို့သော် အစွမ်းထက်သော ဤမြို့ပိုင်အရှင်သခင် နှစ်ယောက်ထက် ပိုမိုခွန်အားကြီးသည့်အချက်ကို အတည်ပြုနိုင်ခဲ့၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now