Ch 1038 - 1040

112 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 76

Chapter-10

(စတင်ခြင်း)

မှော်ဆေးပညာရှင်အင်ပါယာ စာရင်းတွင် ကျိချင်ယန်၏နာမည်က ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြင့် ပထမနေရာ၌ ရပ်တည်နေခဲ့သည်။

"အဆင့်တစ်… ကျိချင်ယန်… စုစုပေါင်း ပြိုင်ပွဲ ၅၈၄၃ခု… အားလုံးအနိုင်ရခြင်း….."

ရှောင်ရူယန်က ထိုစကားလုံးများကို နှုတ်မှ ရေရွတ်လိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်အထိ အံ့ဩတုန်လှုပ်နေခဲ့သည်။

မှော်ဆေးပညာရှင်အင်ပါယာ စာရင်းပေါ်ရှိ ကျိချင်ယန်၏ ပြိုင်ပွဲရလဒ်များကို မြင်သော် အောင်းချမ်တို့အားလုံးက အချင်းချင်း အကြည့်ချင်းဆုံသွားခဲ့ကြပြီး အလွန်အံ့အားသင့်နေခဲ့ကြ၏။

ပြိုင်ပွဲပေါင်း ၅၈၄၃ခုတွင် တစ်ပွဲမှ မရှုံးနိမ့်ခဲ့ပေ။ ဤပြိုင်ပွဲရလဒ်က ရူးလောက်ဖွယ်ရာပင် ဖြစ်သည်။

လူတိုင်း အမှားလုပ်တတ်ကြသလို မြင်းများကလည်း ခလုတ်တိုက်မိတတ်ကြ၏။

အလွန်သန်မာသော လူတစ်ယောက်ပင် အားနည်းသွားတတ်သော အချိန်တစ်ခု ရှိလာတတ်ကြသည်။

သို့သော် ဆေးလုံးပြိုင်ပွဲပေါင်း ၆၀၀၀နီးပါးတွင် ယီယွမ်က ရှုံးပွဲလုံးဝမရှိခဲ့ပေ။ ထိုသို့ဖြစ်ရန် မှော်ဆေးပညာစွမ်းရည်များက  ကောင်းကင်၏အလိုကို မည်မျှအထိ ဆန့်ကျင်ရန် လိုအပ်မည်နည်း။

ယီယွမ်၏အောက်တွင် ရှိနေခဲ့သော မှော်ဆေးပညာရှင်များကို တစ်ချက်ကြည့်လိုက်ရာတွင် ယီယွမ်နှင့်ခြားနားချက်က အသေးအဖွဲမဟုတ်ပေ။

မှော်ဆေးပညာရှင်အင်ပါယာ စာရင်းမှ နံပါတ်နှစ်က ဆေးလုံးပြိုင်ပွဲပေါင်း ၅၀၀၀နီးပါး ပြိုင်ဆိုင်ခဲ့ရာတွင် ပြိုင်ပွဲတစ်ရာကျော် ရှုံးနိမ့်ခဲ့ပေသည်။

ဤကွာခြားချက်က ကြီးမားလွန်းလှသည်။

ယွဲ့မုန့်လီတစ်ဦးတည်းကသာ ယီယွမ်၏ အတိတ်ဘဝ အောင်မြင်မှုများကို စိတ်ထဲတွင် စွဲထင်နေသည့်အတွက် ထိတ်လန့်တုန်လှုပ်နေသော အမူအရာမျိုး ရှိမနေခဲ့ပေ။ သို့သော် သူမ၏မျက်နှာတွင် စွဲလမ်းရူးသွပ်သော အမူအရာတစ်ခု ရှိနေခဲ့ပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now